Intro 0.0 (Unicode)

2K 88 0
                                        


သုံးလောက စကြာဝဋ္ဌာကြီးမှာ နတ်ဒေဝါတွေ ၊ ကောင်းကင်နတ်မင်းကြီးတွေ ၊ နတ်မိဖုရားတွေ သက်ဆိုင်ရာ လောကအကျိုးပြု နတ်ဘုရားတွေလည်း သူ့နေရာနဲ့သူရှိတယ် ။ ကောင်းကင်မှာ လောကအကျိုးပြုတဲ့ နတ်တွေရှိသလို အလိုရမ္မက်ကြီးပြီး လောကကို ဖျက်ဆီးပြီး အာဏာသိမ်းပိုက်လိုတဲ့ နတ်ဆိုးတွေရှိတယ် အကောင်း နဲ့အဆိုးဆိုတာ အမြဲဒွန်တွဲနေတာဘဲ ။ အဲ့လို နတ်ဆိုးတွေကို တိုက်ထုတ်ပြီးကာကွယ်ရတာလဲ ကောင်းကင်ရဲ့တာဝန်တစ်ပါးပါဘဲ ။ ကောင်းကင်က ကောင်းမွန်တဲ့ အရာတွေနဲ့ ပြည့်ဝပြီးတော့ အစွမ်းတွေနဲ့ပြည့်ဝနေတဲ့ ဘုံနေရာ ဌာနတစ်ခုပါဘဲ။ ကောင်းတဲ့ ပုဂ္ဂိုလ်တွေ လက်ထဲမှာဆိုရင် ဒါကောင်းကျိုးပြုတဲ့ ရတနာ တစ်ပါး အဖြစ် ရှိနေမှာဖြစ်ပြီးတော့ နတ်ဆိုးတွေလိုမျိုး အလိုရမ္မက်ကြီးတဲ့ လူလက်ထဲ ရောက်သွားရင်တော့ ဒါကကမ႓ာပျက်စီးခြင်းအစ ဖြစ်သွားနိုင်တယ် ။


ကောင်းကင်ရဲ့ အဖိုးတန် ရတနာတွေကဘာတွေလဲ ဘာတွေမို့လို့ အများတကာ အလိုရမ္မက်ကြီးပြီး လိုချင်နေကြတာလဲ ဥပမာ အနေနဲ့ ပြောရရင် ဖုန်းနတ်စစ်သူကြီးရဲ့ ဓားဝိဉာဉ် ရှိတဲ့ ဖုန်းသောင်း လှံဓား ၊ သေခြင်းကင်းမဲ့ခြင်း မျက်ကျောက်သုံးစက် ၊ ကုချင် သက်ကြိုးပျောက် ဗျပ်စောင်း ၊ ပြီးတော့ကမာ႓ ဖျက်ဆီးရေး ဒါမှမဟုတ် အကျိုးပေး ထျန်းဝမ် ဓာတ်လုံး ။ ဒါတွေက ကောင်းကင်ဘုံရဲ့ အမွေအနှစ်တွေ အဖိုးရတနာတွေဘဲ ဒီရတနာတွေကို စောင့်ရှောက်သူတွေ နဲ့စောင့်ရှောက်ရတယ် ။


ဖုန်းနတ်စစ်သူကြီးရဲ့ ဖုန်းသောင်း လှံဓားကို လေနတ်သား ဖုန်းချွမ် ကစောင့်ရှောက်သူအဖြစ် စောင့်ရှောက်ရတယ် ။ သေခြင်းမဲ့ မျက်ကျောက်သုံးစက်ကို စောင့်ရှောက်သူကတော့ ကြာပန်းနတ်သမီး လျန်ဟွား ၊ ချင်ယွဲ့ သံစဉ်နတ်သမီးကတော့ ကုချင်သက်ကြိုးပျောက် ဗျပ်စောင်း ၊ နောက်ဆုံး ထျန်းဝမ် ဓာတ်လုံးကိုတော့ လနတ်သား ရှောင်းကျန့်နဲ့ ရွှေငါး နတ်သမီး ကျင်းယွီ တို့က စောင့်ရှောက်ရတယ် ။


ဖုန်းသောင်း လှံဓားဟာဆိုရင် လေအသွင်လိုလျင်မြန်ဖျတ်လက်ပြီးတော့ လေတစ်ချက်အဝှေ့မှာတင် တောင် ၁၀ လုံးလောက် ပြတ်ထွက်သွားနိုင်တဲ့ တန်ဖိုးကြီး နတ်လက်နက် ၊ သေခြင်းမဲ့မျက်ကျောက်သုံးစက်ဟာဆိုရင် ဒီရတနာကို ပိုင်ဆိုင်ထားတဲ့ လူက တစ်သက်လုံး ငယ်ရွယ်နုပျိုစေပြီး ရောဂါတွေ ဆိုကို မဖြစ်ိုင်စေဘူး ပြီးတော့ အလွန်တရာ အဆိပ်ပြင်းနဲ့အရာတွေကိုတောင် သေခြင်းမဲ့ မျက်ကျောက်သုံးစက် ကချေဖျက်နိုင်စွမ်းရှိတယ် ။ ကုချင် သက်ကြိုးပျောက် ဗျပ်စောင်းဟာ ဆိုရင် တစ်ချက်တီးလိုက်ရုံနဲ့သံစဉ်အလိုက် တီးနှုန်းအားပေါ် မူတည်ပြီးတော့ အသံလှိုင်း ကကွားခြားသွားပြီး ပေါက်ကွဲမှုတွေ အသံလှိုင်းကနေပြီးတော့ ခန္ဓာကိုယ် အပိုင်း ပိုင်းပြတ်ထွက်ပြီးတော့ ကြားရသူက ဒွါရ ( ၉ ) ပေါက်ထဲကနေ သွေးလျှံပြီး သေစေနိုင်တယ်။


နောက်ဆုံးကတော့ ထျန်းဝမ် ဓာတ်လုံးဘဲ ၊ ထျန်းဝမ် ဆိုတဲ့ အဓိပ္ပာယ်က ကောင်းကင်ဘုရင် ဒီဓာတ်လုံးကို ပိုင်ဆိုင်ထားတဲ့သူက သုံးလောကရဲ့ ဘုရင်ဘဲ ။ ကမ႓ာမြေပေါ်က ဓာတ်ကြီးလေးပါး ဖြစ်တဲ့ မီး ရေ လေ မြေ ဆိုတဲ့ ဓာတ်ကြီးလေးပါး ဆီက အစွမ်းသတ္တိတွေကို ပေါင်းစည်းပြီး ဓာတ်လုံး တစ်ခုအနေဖြင့် ပေါင်းစည်းစေတယ် ။ " ကောင်းသူလက်ရောက် အကျိုး ဖြစ်ထွန်း မိစ္ဆာလက်ရောက် ကမ႓ာပျက်လတ္တံ " တဲ့ ထျန်းဝမ် ဓာတ်လုံး ရဲ့ဆောင်ပုဒ်က ။ ဒါကြောင့် ကောင်းကင်နတ်မင်း ဝမ်လုံ က မောင်နှမဖြစ်တဲ့ ရှောင်းကျန့် နဲ့ ကျင်းယွီ တို့ကိုစောင့်ရှောက်စေတယ် ။


A/N ဒါအမြည်းလေးပါ :3


20日11月2021年Jing05

Jin Yu SystemWhere stories live. Discover now