First kiss of real love 26 Final

1.5K 82 15
                                    

Uni

ပြေလျော့လျော့လေး လှဲနေသူလေးကိုကြည့်ရင်း စိုးရိမ်လာမိပြန်သည်။ နန်းတွင်းသမားတော်ကြီးကတော့ ဘာမှမဖြစ်ပါဘူး မကြာခင်သတိရလာမှာပါ လို့သာပြောတာ ယွန်းလေးခုထိမနိုးသေး.....

စိုးရိမ်စိတ်ကြောင့် အနားကနေလဲ တစ်တဖွားမှမခွာနိုင် နူးညံ့လှသော လက်ကလေးကို ဆုတ်ကိုင်ကာ ကြည့်နေမိပြန်သည်။

မျက်တောင်လေးတွေ လှုပ်လှုပ်ရွရွ ဖြစ်လာပြီး တအင်းအင်းနဲ့ နိုးထလာသူကြောင့် ခုမှပဲ သက်ပြင်းချနိုင်တော့သည်။

မျက်လုံးများဝေဝါးနေပင်မဲ့ အထိအတွေ့တွေကအရင်လိုမဟုတ်.....မျက်လုံးများကို ကြိုးစားဖွင့်ကြည့်တော့ မယုံနိုင်စရာအဖြစ်အပျက်ပင်....

နိုးလာပြီးပြီးချင်း မျက်ရည်ဥလေးများတွဲခိုနေသော မျက်ဝန်းများနှင့် အကြည့်ခံလိုက်ရသော ချယ်ဂျူဟို မှာ စိုးရိမ်စိတ်များ မြင့်တတ်လာလေသည်။

"ယွန်းလေး ကိုယ်တော့်ကိုပြော...ဘယ်နေရာနာနေလို့လဲ....သမားတော် ကို..အင့်"

တင်းကြပ်စွာ ထွေးပွေ့လိုက်သော လက်တစ်စုံကြောင့် ချယ်ဂျူဟို မှာကြောင်အသွားသည်။

ရင်ခွင်ထဲတိုးဝင်ကာ ဖက်လာသူလေးကြောင့်လဲ အံ့သြရပြန်သည်။ ပါးစပ်ကနေလဲ တဖွဖွ ပြောနေသေး
"နောက်ဆုံးတော့.... ကျွန်တော်...ပြန်ရောက်လာပြီပဲ"

"ဘာလဲ...ယွန်းလေး"
"ဟင့်အင်း ဘာမှမဟုတ်ဘူး ဒီ...ဒီအတိုင်းလေးခဏနေပေးပါ"

​တောင်းဆိုသူလေးကြောင့် ချယ်ဂျူဟို မှာ ပြန်လည်တင်းကြပ်စွာပွေးဖက်ထားပြီး နှာဖူးလေးကိုနမ်းကာ..
"ယွန်းလေးသာ လိုအပ်ရင် ခဏမဟုတ်ဘူး ကိုယ်တော့်ကို ယွန်းလေးအကြာကြီး ဖက်ထားနိုင်တယ်"

မျက်ရည်ဥလေးတွေဝိုင်းကာ ယွန်းလေး ပြန်မော့ကြည့်လာသည်။
"လွမ်း.....နေတာ.... "

မဝံ့မရဲလေး ပြောသူကြောင့် ချယ်ဂျူဟို မှာ အသည်းမယားပဲ မနေနိုင်....
"ဟုတ်လား... တစ်ခဏလေးသတိမေ့သွားတာကို လွမ်းတယ် ဆိုတော့ ကိုယ်တော့်မှာဖြင့် ပျော်လိုက်တာ....အစက ကိုယ်တော်တကယ်လန့်သွားတာ....
ကိုယ်တော် ယွန်းလေးကိုနမ်းနေတုန်း ယွန်းလေးကမေ့သွားတာဆိုတော့..."

First Kiss of Real Love (Complete) Where stories live. Discover now