2.1(U)(သူဒါကိုမုန်းခဲ့တယ်)

Start from the beginning
                                    

ရှန်းမိသားစုရဲ့ နာမည်က တဖြည်းဖြည်း သန့်စင်လာပြီဆိုပေမယ့် ရန်သူတွေအများအပြားရှိသေးသည်။ကျောင်းထဲဖြစ်ဖြစ် ကျောင်းပြင်ပဖြစ်ဖြစ်
ရှန်းယိုလင်ကို နေ့တိုင်း အစောင့်တွေက လျှို့ဝှက်စွာ စောင့်ရှောက်ရသည်။သို့သော် သူမခရီးထွက်မည်ဆိုရင်တော့ အစောင့်အရှောက်လျော့နည်းသွားလိမ့်မည်။

ရှန်းယိုလင်က သူ့အဖေကို ကြည့်ရင်း
လက်ညှိုးလေးတစ်ထောင်ထောင်နှင့်
ပြောလာသည်။

"ဒီတစ်ခါတည်းပါ ဒီတစ်ခါတည်းပါနော်"

ချန်လီကောက သူ့နှလုံးသားကိုအရည်မပျော်အောင်ထိန်းရင်း ဆက်ငြင်းလိုက်သည်။

ရှန်းယိုလင်ရဲ့မျက်လုံးထက်မှာ မျက်ရည်တွေနဲ့
ပြည့်နေပြီး ပြောလာသည်။

"အဖေ ဒီတစ်ခါတည်းပါ သမီးတို့ကျောင်းက
ခရီးတွေအများကြီးထွက်ပေမယ့် သမီးကတော့
တစ်ခါမှမရောက်ဖူးခဲ့ဘူးလေ ဒီတစ်ခါတည်း
သွားမယ်လေနော် ဒါဆိုသမီး အဖေ့ကို ဘယ်တော့မှ ဒုက္ခမပေးတော့ဘူးလေနော်"

ချန်လီကောက တိတ်ဆိတ်သွားသည်။

ရှန်းယိုလင်ရဲ့အပြုအမူတွေက ပြောင်းလာပြီး
မျက်ရည်တွေ ကျလာတော့သည်။
သူမက သနားစရာကောင်းစွာ ပြောလာသည်။

"အဖေ မိဘဆရာအစည်းအဝေးတုန်းကမလာတာကိုကြ သမီးဘာမှမပြောဘဲနဲ့ သမီးကြ
လေ့လာရေးခရီးမထွက်ခိုင်းဘူး....ဝူးဝူးဝူး"

ချန်လီကော-"........."

(ငါ့ဖင်ကြီး!ငါဆက်ပြီးတောင့်မခံနိုင်တော့ဘူး
ဘာလုပ်ရပါ့!!!)

ရှန်းယိုလင်ရဲ့ ငိုကြွေးပြီး သူမမကျေနပ်မှုတွေကို
ဖွင့်ချမှုအောက်မှာ ချန်လီကောက သူ့ကိုယ်သူ
ကြေညာလိုက်တော့သည်။အဲဒါက သူခံနိုင်ရည်
မရှိတော့ဘူးဆိုတာပဲ။သူက သက်ပြင်းချလိုက်ရင်း သူမနှာခေါင်းလေးကို ညင်သာစွာတို့ထိလိုက်ရင်း ပြောလာသည်။

"သမီးလေး"

သူမအဖေရဲ့ခေါ်သံလည်းကြားလိုက်ရော တစ်ဖက်သို့လှည့်ငိုနေသော သူမမျက်နှာထက်တွင် အပြုံးတစ်ပွင့်ပေါ်လာပြီး ချန်လီကောရဲပါးကိုနမ်းလာသည်။

Perfect Destiny Arc7 မြန်မာဘာသာပြန်Where stories live. Discover now