ယွဲ့ဟန်တစ်ယောက် မေရှင်းကိုလိုက်ရှာရင်း ရုံယီကိုမြင်လိုက်ရ၍ ကြည့်မိတော့ ရုံယီကပျော်ပျော်ရွှင်ရွှင်နဲ့ မျက်နှာဖုံးအုပ်ထားတဲ့လူတစ်ယောက်နဲ့စကားပြောနေလေသည်။ ဒါကြောင့် ယွဲ့ဟန် စိတ်မထိမ်းနိုင်တော့ဘဲ ရုံယီရှိရာကို အလောတကြီးသွားလိုက်သည်။ ပြီးနောက် ရုံယီလက်ကို ဆွဲလိုက်ပြီး ပြောလိုက်သည်။

host-" အာ....နတ်မင်းကျင်းယွဲ့ဟန်ကို....ကျွန်တော်ကို....မှတ်မိလား "

^^ ဇာတ်လိုက်ကဘာတုန်းဟ...ဘာလို့ငါ့ကိုသတ်ချင် ​နေတဲ့အကြည့်တွေ....ကြည့်နေရတာလဲ....ငါဘာများလုပ်မိလို့လည်း.....မဟုတ်မှသိများသွားတာလား ^^

[ ဘယ်ကသာ.... hostရဲ့ .....jelly နင်တာနေမှာပေါ့ ]

host-^^ ဇာတ်လိုက်ကို....ရေတိုက်လိုက်လေ....တော်ကြာ jelly နင်ပြီးသေတယ်ဆို....ကျော်မကောင်းကြားမကောင်းကွာ....ပြီးတော့ဇာတ်လိုက် သေရင်....ငါ့missionလေး....မဖြစ်ဘူး....ရေမြန်မြန်တိုက်လိုက်လို့.....sixရေ!!!!. ....ငါပြောတာကြားလား.....မင်းမတိုက်လည်းနေ.....ငါ့ဘာတိုက်မယ် ^^

ကျင်းယွဲ့ဟန်-" မမှတ်မိဘူး...မင်းလိုဂျပုကို....မှတ်မိ....အွန့်....အွတ်...အော့ "

ယွဲ့ဟန် ယန်ကျင်းကို မှတ်မိနေပေမဲ့ အမြင်ကပ်စိတ်ကြောင့် မသိချင်ယောင် ဆောင်လိုက်သည်။ ယန်ကျင်းဆိုတဲ့နတ်က သူ့ရဲ့အပိုင်ကိုလာထိသည်မလား။ ဒါကြောင့် ငြင်းလိုက်ပေမယ့် ယန်ကျင်းဆိုတဲ့နတ်က ယွဲ့ဟန်ကို သေရည်ခွက်ထဲက သေရည်တွေကို  ယွဲ့ဟန်ပါးစပ်ထဲ အတင်းထိုးထည့်နေသဖြင့် ယွဲ့ဟန် သည်းသွားရသည်။ ပြီးတော့ ယန်ကျင်းသောက်လက်စကြီးနဲ့ဆိုတာကို ယွဲ့ဟန် ကောင်းကောင်းသိသဖြင့် ရွံစိတ်ကြောင့် ထိုသေရည်တွေကို အန်ထုတ်လိုက်သည်။ အန်ထုတ်လို့မရနိုင်လောက်အောင်ထိ သေရည်တွေက ယွဲ့ဟန်ဗိုက်ထဲထိရောက်နှင့်နေပြီ ဖြစ်သဖြင့် ယွဲ့ဟန်မှာ ရွံတဲ့စိတ်ကြောင့် အော့အန်ရုံသာ ဒါပေမယ့် ဘာမှတော့ထွက်မလာပေ။

ရုံယီ-" သခင်လေး!!!. ...ရရဲ့လား.....ယန်ကျင်းဘာလို့....သေရည်တွေဇွတ်တိုက်လိုက်တာလည်း.....သခင်လေးသည်းသွားပြီ....သခင်လေး.....အဆင်ပြေရဲ့လား.... "

ရုံယီ သခင်လေးရဲ့ကျောကို ဖွဖွလေးပုတ်ပေးရင်း သူ့ရဲ့အသစ်စက်စက် သူငယ်ချင်းကြီး ယန်ကျင်းကို ဆူလိုက်သည်။

[ host!!!. ...ဘာလုပ်လိုက်တာလဲ!!!! ]

host-^^ ငါဘာလုပ်လို့လဲ....ငါကစေတနာနဲ့ပါ....သူသေမဆိုးလို့....သေရည်တောင်တိုက်ထားရတာ....သူတို့ကငါကို....ဘာလို့​ဆူနေရတာလဲ....sixကကောဘာလို့လဲ....ငါဘာလုပ်မိလို့လဲ....what the hell! ^^

[ ပိန်းလိုက်တဲ့လူဥ...ပိန်းလဥ host...🙂 ]

^^ host..... မမှားပါဘူး.....sixမှားတာပါ.....အီးးးး.....sixရေ.....ပိန်းဥကိုမှ....သေချာရှင်းမပြမိတာ....နင့်အပြစ်ပဲ ^^

Sixမှာ သူ့host စကားကြောင့်လဲသေချင်စိတ်ပင်ပေါက်သွားရသည်။ ဒီလို ပိန်းဥကို host တော်ရတာ sixအရင်ဘဝက တော်တော် ကောင်းမှုကုသိုလ်တွေ လုပ်ခဲ့လို့နေမှာ။

host-^^ ဥကဘယ်လိုလုပ်....ပိန်းလို့ရမှာလဲ ^^

[ ဟုတ်ပါတယ်.....hostပြောတာမှန်ပါတယ် ]

Six တစ်ယောက် သူ့hostက တော်ချင်တဲ့နေရာမှာတော့ တော်တော်ကိုတော်ပြီး ပိန်းချင်တဲ့နေရာမှာ သူများလိုက်မမှီနိုင်လောက်အောင်ထိ တစ်ဖက်ကမ်းခတ်ပိန်းတဲ့ သူဆိုတာ sixလက်မခံချင်ဘဲ လက်ခံလိုက်ရသည်။

ကျင်းယွဲ့ဟန်-" ရုံယီ.....မင်းကဘာလို့သူနဲ့....စကားပြောနေရတာလဲ "

ရုံယီ--" သခင်လေး....သူကယန်ကျင်းတဲ့....တော်တော်လေးသဘောကောင်းတယ်....ပြီးတော့သူကပျင်းလို့ဆိုလို့....ဒါကြောင့်ကျွန်တော်က "

ကျင်းယွဲ့ဟန်-" မပြောနဲ့....သူနဲ့စကားမပြောနဲ့...ပြုံးမပြနဲ့....အဲ့ကောင်ကို....မင်းကငါ့အပိုင်နော်....ဘယ်သူ့မှပြုံးပြစရာမလိုဘူး "

system one o six(106) S -1 ( Z &U )Where stories live. Discover now