Chapter(315) - ကောင်းကင်နှင့်မြေကြီး၏ကွဲလွဲမှု

Start from the beginning
                                    

လင်ရွှမ်းဇီက ဓားကိုဆုပ်ကိုင်ရင်း ဖြည်းညှင်းစွာ ဝင်သွားလိုက်သည်။

လေပြင်းတောင်စွန်းနဲ့ အပြင်ဘက်ကမ္ဘာက ဂူဝင်ပေါက်နဲ့ ဆက်သွယ်ထားခြင်းဖြစ်သည်။ သူက ချောက်ကမ်းပါးအောက်ရှိ လျှို့ဝှက်ယန္တရားအား ဖိလိုက်ပြီး ဝင်ပေါက်အား တိုက်ရိုက်ပိတ်လိုက်ကာ သူ့ကိုယ်သူ အပြင်ဘက်ကမ္ဘာနဲ့ လုံးဝအဆက်ဖြတ်လိုက်တော့သည်။

လင်ရွှမ်းဇီသည် တစ္စေများကဲ့သို့ အော်ဟစ်နေပြီး ဝံပုလွေများလို တစ်ဝူးဝူးဖြစ်နေသည့် လေသံများကို နားထောင်နေသည်။ သူကဓားကို ဆွဲထုတ်၍ အပေါ်သို့ ပျံတက်လိုက်ကာ လျင်မြန်လှတဲ့ ကြိုးကြာတစ်ကောင်လို သစ်ရွက်ခြောက်များနဲ့ ကျောက်တုံးများကြားထဲတွင် ကခုန်နေသည်။ သူ့ဓားသိုင်းကွက်များက မလိုအပ်ပဲနဲ့ လှုပ်ရှားတာမျိုးမရှိစွာပင် သန့်စင်ပြီး တင့်တယ်လှပသည်။ သူက လှုပ်ရှားမှုတိုင်းကို တိကျပြတ်သားစွာဖြင့် ပြုလုပ်ရန် ကြိုးပမ်းခဲ့ပြီး လှုပ်ရှားမှုတိုင်းမှာ ၎င်း၏ အစွမ်းအစကို အပြည့်အဝ အသုံးချနေ၏။

သူက ဓားကို ဆွဲထုတ်ဖို့အတွက် အခွင့်အရေးကို ဆုံးရှုံးခံမှာ မဟုတ်ပေ။ သူက ဓားကို ထိုပုံစံမျိုးဖြင့်သာ အမြဲတမ်း လေ့ကျင့်သည်— လုံးဝမလေ့ကျင့်တာဖြစ်ရင်ဖြစ် မဟုတ်လို့ လေ့ကျင့်ရင်လည်း နှလုံးသားတစ်ခုလုံး နှစ်ထားသည်လေ။

သူ့ဝိညာဉ်ချီများက တစ်ကိုယ်လုံးကို လှည့်ပတ်နေပြီး မကြာခင်မှာ တစ်ပတ်ပြည့်သွားသည်။ သူ့ဒန်တျန်ချီပင်လယ်ကလည်း အပူခပ်ဖျော့ဖျော့လေး ထွက်ပေါ်လာပြီး အထဲမှာရှိသည့် ဖျော့တော့တော့လေး မြင်ရနိုင်သော ဝိညာဉ်မြစ်က ပိုမိုပြီး ရှင်းလင်းလာသည်။

လေစွမ်းအင် ဝိညာဉ်မြစ်

ဒါက လင်ရွှမ်းဇီရဲ့ သဘာဝ ဝိညာဉ်မြစ်ဖြစ်ပြီး ဓားလေ့ကျင့်ရန်အတွက် အသင့်တော်ဆုံးတစ်ခုလည်းဖြစ်သည်။

ကျက်သရေရှိသည့် လေကဲ့သို့ — နေရာတိုင်းမှာ အမြဲတမ်း ပြောင်းလဲနေသည် ; တစ်ခါတစ်ရံမှာ နူးညံ့၍ပျော့ပြောင်းပြီး တစ်ခါတစ်ရံမှာ ပြင်းထန်၍ကြမ်းတမ်းသည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now