အပိုင်း-160

Start from the beginning
                                    

" ငါ့လို အရိပ်နတ်ဆိုးသခင်ကိုများ ခြေထောက်နဲ့ ကန်ရဲတဲ့လူတွေ ရှိနေလိမ့်မယ်လို့ တကယ်မထင်ထားမိဘူး..၊ မင်းတို့ကောင်တွေ ဘယ်လိုတောင် အတင့်ရဲကြတာလဲကွ...."

ထိုအခိုက်တွင် ကျယ်လောင်လှသည့် စကားသံတစ်ခုက အဖိုးအိုထံမှ ထွက်ပေါ်လာသည်။ ထိုအသံက စစ်မာကလန်မှလူများအား ထိတ်လန့်တုန်လှုပ်သွားစေခဲ့၏။

ပညာရှင်တစ်ယောက်..၊ ဤအဖိုးအိုက ပညာရှင်တစ်ယောက် ဖြစ်နေချေသည်။ မည်မျှအစွမ်းထက်လိုက်သည့် ပညာရှင်ပေနည်း။

ထိုအသံအားကြားလျှင် လူအုပ်ကြီး၏ အလယ်တွင်ရှိနေသော စစ်မာကလန်ခေါင်းဆောင်၏ ပိတ်ထားသည့် မျက်လုံးများက ပွင့်လာသည်။ စစ်မာကလန်ခေါင်းဆောင်က ထိုအဖိုးအိုအား ထိတ်လန့်တကြား လှမ်းကြည့်လိုက်၏။

ထိုအဖိုးအို၏ ချီစွမ်းအင်များက သမုဒ္ဒရာတစ်ခုအလား လွန်စွာနက်ရှိုင်းလွန်းလှသည်။ စစ်မာကလန်တစ်ခုလုံးကိုပင် ဖိနှိပ်နိုင်စွမ်းရှိလေသည်။ အဖိုးအို၏ အော်ဟစ်သံကြောင့် စစ်မာကလန်မှ လူပေါင်းတစ်ထောင်ကျော်ခန့်မှာ အသက်ပင် မရှူနိုင်တော့အောင် ဖြစ်သွားရတော့သည်။

သိုင်းဝိညာဉ်..အဆင့်...။

ဤသည်က သိုင်းဝိညာဉ်အဆင့် ပညာရှင်တစ်ယောက်၏ စွမ်းအားပင်။ မည်သည့်နည်းနှင့်မှ မမှားနိုင်ချေ။

ထိုအဖိုးအိုက သိုင်းဝိညာဉ်အဆင့်ဖြစ်ကြောင်း နားလည်သွားသည်တွင် စစ်မာကလန်ခေါင်းဆောင်တစ်ယောက် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားရ‌ေတာ့၏။

" ဆ..ဆရာကြီးခင်ဗျား..၊ ကျနော်..ကျနော်တို့.."

စစ်မာကလန်ခေါင်းဆောင်က လက်သီး ၂ ဖက်ဆုပ်ကာ အဖိုးအိုအား တောင်းပန်ရန် ပြင်လိုက်သည်။

" မင်းတို့က ငါ့ကို ခြေထောက်နဲ့ ကန်တယ်ဆိုမှတော့ ငါကလည်း မင်းတို့ဆီကနေ လျော်ကြေးပြန်တောင်းရမှာပေါ့.."

အဖိုးအိုက စစ်မာကလန်ခေါင်းဆောင်အားကြည့်ကာ ပြောလိုက်သည်။

" မဟုတ်လို့ကတော့ မင်းတို့အားလုံး ငါ့လို အရိပ်နတ်ဆိုးသခင်ကို စော်ကားခဲ့ပြီးမှတော့ အသက်ရှင်ဖို့ မစဉ်းစားနဲ့တော့.."

Book-1 (မှော်ဆေးဧကရာဇ်၊ သိုင်းနတ်ဘုရား ချင်းမင်)Where stories live. Discover now