Chapter(314) - 《စိမ်းပြာရောင်ကြာပန်းပုံစံကိုးမျိုး》

Start from the beginning
                                    

"နာမည်ကဘာလဲ?"

လင်ရွှမ်းဇီက ပြောသည်။

"《စိမ်းပြာရောင်ကြာပန်းပုံစံကိုးမျိုး》."

မဟာအကြီးအကဲလန်ယွဲ့ , "...."

လင်ရွှမ်းဇီကတော့ ဘာမှ သတိမပြုမိပဲ စကားဆက်နေသည်။

"ကျွန်တော့အဖေ ပြောတာတော့ အဲ့ဒီဓားသိုင်းက လင်မိသားစုရဲ့ ပင်မမိသားစုကနေ မျိုးရိုးစဉ်ဆက် ဆင်းသက်လာတဲ့ ကျင့်ကြံရေးနည်းလမ်းတဲ့, ကျွန်တော်အဲ့ဒါကို ကလေးဘဝကတည်းက လေ့ကျင့်ခဲ့တာ, ဒါပေမဲ့ အဲ့ဒီဓားသိုင်းကွက်တွေက နည်းနည်းထူးဆန်းတယ်... ကျွန်တော်အဲ့ဒါကို အစကနေအဆုံးထိ နှလုံးသားနဲ့ သင်ယူခဲ့ပေမယ့် မတတ်မြောက်နိုင်သေးဘူး— ရိုးရိုးသားသားပြောရရင် ကျွန်တော့အဖေက အဲ့ဒီတုန်းကဆိုရင် လျို့ဝှက်ဆန်းကြယ်စွာနဲ့တောင် ပြောခဲ့သေးတယ်, အဲ့ဒီ 《စိမ်းပြာရောင်ကြာပန်းပုံစံကိုးမျိုး》က ရှေးခေတ်ကာလကတည်းက လက်ဆင့်ကမ်းလာခဲ့တဲ့ ရတနာတစ်ပါးတဲ့ ဒါပေမဲ့ ကျွန်တော် ရှေ့ကိုဆက်ပြီး သွားလေလေ လှုပ်ရှားမှုတွေက ဘာမှ ထူးခြားတာ မရှိသလိုမျိုး သာမာန်ဆန်လာလေလေပဲ, ဒါပေမဲ့ ကျွန်တော် လေ့လာထားတဲ့ ပထမဆုံး သုံးကွက်ကတော့ တော်တော်လေး အသုံးဝင်တယ်"

မဟာအကြီးအကဲလန်ယွဲ့၏ အမူအယာက ရှုပ်ထွေးနေသည်။

လင်ကျန်က ရဲတင်းတယ် ဆိုတာကိုတော့ သူသိပါတယ်။ မဟုတ်ရင် သေမှာကိုတောင် အကြောက်အလန့်မရှိပဲ အာဏာရှိသူတွေကို ဆန့်ကျင်ရဲခဲ့မှာ မဟုတ်ဘူးလေ။ ဒါပေမဲ့ လင်ကျန်ရဲ့ သတ္တိက ဒီလောက်ထိ ကြီးမားနေမယ်လို့တော့ မထင်ထားခဲ့မိဘူး!

အဲ့ဒီ 《စိမ်းပြာရောင်ကြာပန်းပုံစံကိုးမျိုး》က နတ်ဘုရားမျိုးနွယ်စု တစ်ခုတွင် မျိုးဆက်များတစ်လျှောက် အသက်အရွယ်နဲ့ အခွင့်အလမ်း မှန်ကန်တဲ့အချိန်မှာ တစ်ဆင့်ပြီးတစ်ဆင့် လက်ဆင့်ကမ်းခဲ့သည့် ဓားသိုင်းကွက်များဖြစ်သည်။ ၎င်းသည် သခင်များ သို့မဟုတ် ဆရာများဆီကနေ မျိုးဆက် တစ်ခုမှ တစ်ခုသို့ လက်ဆင့်ကမ်းရန် မလိုအပ်ပေ။ လူတစ်ယောက်ရဲ့ အသိစိတ်ပင်လယ်ထဲမှာ ထို 《စိမ်းပြာရောင်ကြာပန်းပုံစံကိုးမျိုး》က ရှိနေတာဖြစ်ပြီး သူတို့ရဲ့ ပင်ကိုယ်စွမ်းရည်ကို အခြေခံ၍ မှန်ကန်သော ချဉ်းကပ်မှုကနေ တစ်ဆင့် တစေ့တစ်စောင်း အသိပညာများကို ရရှိမှာဖြစ်သည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now