[အာ!...အရမ်းပင်ပမ်းနေတာလားကောင်လေး...]

ခပ်နွမ်းနွမ်းရိပေါ်အသံကိုရိပ်စားမိဟန်ရှောင်းကျန့်ကတမျိုးတဖုန်စိုးရိမ်ရပြန်တယ်။အားဆေးတွေ အာဟာရဖြည့်စွက်စာတွေဝယ်ပြီး ရိပေါ်တို့အိမ်ကိုအလည်သွားရင်ကောင်းမလား အပြေးအလွှား တွေးလိုက်မိပါသေးတယ်။

"ခေါင်းနည်းနည်းလေးကိုက်တာပါ...အဆင်ပြေတာမို့အကိုကစိတ်ချနေနော်..."

[အင်းပါ...ဒါဆို ညကျ ပန်းခြံထဲမှာဆုံမယ်လေ...ပထမဆုံးနှင်းကျတာလည်းအတူတူကြည့်ချင်တယ်...ကောင်လေးကိုလည်းဖက်ထားချင်တယ်...]

"ဟုတ်!...ကျွန်တော်လည်းအကို့ကိုပြောစရာရှိတယ်..."

[ဘာများလဲ...]

"တွေ့ရင်ပြောမယ်လေ...အကိုကကျွန်တော့်ကိုဆက်ဆက်လာတွေ့ရမယ်နော်...ဂတိ!..."

ရယ်သံလွင်လွင်နောက်အကို့ရဲ့ဂတိဗျာဆိုသည့်စကားကရိပေါ်တွက်နံနက်ခင်းတေးသံသာလေးလို။မျက်နှာနွမ်းနွမ်းထက်အပြုံးနုနုလေးထင်ဟတ်စေသည်အထိ အကိုဆိုသည့်မှော်ကဝေလေးက အသံနဲ့တင်စွမ်းနိုင်သည်။ပြုစားလွန်းသည့်အကို့ကို ရိပေါ်ကလည်း ယုံယုံကြည်ကြည်ကိုးစားမိပါ၏။



___



"မား...ကျွန်တော်လုပ်လိုက်မယ်..."

ဝမ်မားလက်ထဲကဂေါ်ဖီထုပ်နဲ့ဆလပ်ရွက်တွေကိုဝိုင်းယူပြီးဘေစဥ်မှာရေဆေးပေးတော့ ရိပေါ်ကိုစိတ်ဆိုးနေသည့်ဝမ်မားကဘာစကားမှပြန်မ​ပြောပဲအကြည့်တချက်သာပို့ပြီးchicken tableတဖက်မှာအလုပ်ရှုပ်နေပြန်တယ်။အမြဲတမ်းသားလိမ္မာလေးလုပ်ခဲ့ပြီး အချစ်ရေးကျမှ သူမစကားကိုသွေဖယ်သည့်ရိပေါ်ကို ဝမ်မားကအများကြီးစိတ်ဆိုးပါတယ်။ဒါပေမဲ့ သူမသားမို့ အများကြီးချစ်ပါတယ်။

"ကျွန်တော့်ကိုပေးမား..."

"ကျွန်တော်ကူပါ့မယ်..."

ထမင်းပန်းကန် ဟင်းပန်းကန်သယ်တာကအစ ဝိုင်းကူနေသည့်ရိပေါ်ကြောင့်ဝမ်မားကစိတ်မပြေသေးပေမဲ့မျက်နှာထားအရမ်းကြီးတင်းမာမနေတော့။ခုံပုလေးခုကာ အထက်မြင့်ကဗီရိုထဲပန်းကန်တွေစီထည့်နေသည့်ရိပေါ်ကျောပြင်လေးကိုကြည့်ရင်းဝမ်မားသက်မမောချရုံပဲတက်နိုင်တယ်။သူမက ရိပေါ်ကိုမပျော်ရွှင်စေချင်တာမဟုတ်ပဲ ဂုဏ်ကြီးသည့်အသိုင်းအဝိုင်းကြား မသိမ်ငယ်စေချင်ရုံလေးပါ။

LOVE ME,OK![Complete]Where stories live. Discover now