Main Characters Explanation

Start from the beginning
                                    

<<<<<<
>>>>>>

တည်မြဲကမ္ဘာ အကြောင်းရှင်းပြပေးမယ်နော်။

မောင့်စိတ်တွေ ၊ အတွေးတွေနဲ့ အပြုအမူတွေက ပင်ကိုယ်ကြမ်းတမ်းတာပါ။ မောင်က နူးညံ့ချင်ပေမယ့် မနူးညံ့တတ်ပါဘူး။ ဒါကြောင့်မှိုင်းညို့ကိုဖက်တာနမ်းတာဆိုရင်လည်း အလိုလိုကြမ်းတမ်းနေတာပါ။

မောင့်စိတ်က ကလေးတစ်ယောက်လိုပဲလို့ပြောလို့ရတယ်။ မောင်က မရင့်ကျက်သေးသလို အချစ်ရေးနဲ့ပတ်သတ်ရင် ပေါ့ပျက်ပျက်နိုင်တယ်ပဲဆိုကြပါစို့။ မှိုင်းညို့နဲ့ စသိတဲ့အချိန်ကာလတွေမှာ မောင်က မှိုင်းညို့ကို သူ့အပိုင်ဖြစ်စေချင်ခဲ့တာ။ ချစ်တာကြိုက်တာလည်းမသိဘူး မှိုင်းညို့နဲ့ပတ်သတ်ရင် သူကအားမလိုအားမရဖြစ်ပြီး အူယားတာမျိုးပါ။ ဟိုကလေးက ပေကပ်ကပ်အကြောတင်းလေးမို့ သူ့ရဲ့ကြမ်းတမ်းတဲ့စရိုက်ကြီးကထွက်လာတာ။ တစ်ခြားသူတွေရှေ့မှာ သူ့dark sideကို တစ်ခါမှပြဖူးတဲ့သူမဟုတ်ဘူး။

သူ့ဘဝမှာဖြစ်တည်လာတဲ့ ချစ်တာ ၊ မုန်းတာ ၊ သဝန်တိုတာ ၊ ပျော်တာ ၊ ဝမ်းနည်းတာ တွေက မှိုင်းညို့နဲ့မှဖြစ်တာမျိုးပါ။ ဟေမာန်စိုးနဲ့ချစ်သူတွေဖြစ်သွားတာတောင်မှ တည်မြဲက မှိုင်းညို့ကိုသူ့အနားမှာပဲရှိစေချင်သေးတာ။ တစ်ဖက်လူကသူ့ကြိုက်နေတာ သူလုံးဝမသိဘူး။ ဒါကြောင့်မှိုင်းညို့ကိုစိတ်ဒဏ်ရာပေးသလိုဖြစ်သွားခဲ့တယ်။

နောက်ပြီးတော့ မှိုင်းညို့ကို မသိစိတ်ကချစ်ရဲ့သားနဲ့ ဘာလို့ လက်ထပ်မှ မုန်းတာလဲဆိုတဲ့မေးခွန်း?

တည်မြဲကမ္ဘာက သူ့ကိုယ်သူ ဂေးဆိုပြီးလက်မခံသေးပါဘူး။ မှိုင်းညို့ နယ်သာလန်ပြန်သွားတော့ သူ့ကိုနှုတ်မဆက်လို့သူစိတ်ဆိုးတယ်။ သူရောဂါဖြစ်တော့ မြန်မာပြန်လာပြီးသူနဲ့စေ့စပ်တယ်။ အစတည်းကစိတ်ဆိုးနေတဲ့လူက ဒီကောင်လေးနဲ့လက်ထပ်ရမယ်ဆိုတာသိတော့ လက်မခံနိုင်ဖြစ်ပြီး မုန်းသွားတဲ့သဘောမျိုး။

သူပတ်ဝန်းကျင်ကပြောဆိုကြမှာတွေကိုကြောက်တယ်။ သူ့အနေနဲ့ယောကျာ်းတစ်ယောက်ကိုလက်ထပ်ရတော့မယ်ဆိုတဲ့အတွေးက သူ့သိက္ခာကိုချတယ်လို့သူယူဆခဲ့တာ။ သူ့မှာချစ်သူလည်းရှိနေတာကိုး။ ရုတ်တရက်သူလက်မခံနိုင်ဖြစ်သွားရော။

ASTILLBE (Completed)Where stories live. Discover now