part 19

2.3K 123 4
                                    

နန်းသဲနဲ့တူတဲ့သူကိုရှမ်းပွဲခင်းမှာ တစ်ခါတွေ့လိုက်သည်မို့ နန်းမကျေနပ်နိုင်ပဲနောက်ရက်မှာ ထပ်တွေ့လေမလားလို့ သွားရှာကြည့်ပေမယ့် သဲနဲ့တူတဲ့ထိုကလေးမကိုထပ်မတွေ့ရတော့ပေ။

"တီချယ်"

"ဟင်"

ခေါ်သံကြောင့်လှည့်ကြည့်လိုက်တော့ ဖြူ့တူမလေးကာရံဖြစ်နေသည်။

"သမီး ဘယ်လိုလုပ်ပြီး"

"လမ်းမှာကတည်းကတီချယ်ကိုတွေ့လိုက်လို့ နောက်ကလိုက်လာတာ"

"ဟုတ်လား ဗိုက်ဆာနေတော့မှာပဲ ဟိုမှာထမင်းကျွေးနေတယ်သွားစားကြမလား"

"ဟုတ်"

နန်း ထိုကလေးမကိုထမင်းကျွေးတဲ့မဏ္ဌပ်ဆီခေါ်သွားလိုက်သည်။ထိုမဏ္ဌပ်တွင် ပွဲလာသမျှပရိသတ်အားလုံးကို ရှမ်းထမင်း ရှမ်းဟင်းဖြင့်တည်ခင်းကျွေးမွေးနေတာဖြစ်သည်။

ဘူဖေးစနစ်လိုပဲ တန်းစီပြီးကိုယ်စားနိုင်သလောက်ထမင်းဟင်းကိုယူပြီး မဏ္ဌပ်အောက်မှာထမင်းသွားစားဖြစ်ကြလေသည်။

စားသောက်ပြီးတော့ ထိုကလေးမနဲ့ပွဲခင်းပတ်ရင်း သဲနဲ့တူတဲ့ကလေးမကိုမြင်လိုက်တော့ နန်းဝမ်းသာအားရဖြင့်ခေါ်လိုက်မိသည်။

"သဲ"

ထိုကလေးမနန်းကိုလှည့်ကြည့်လာသည့်အခါ နန်းအရမ်းအံ့ဩသွားရသည်။

"သဲ"

ဒါသူမရဲ့သဲအစစ်ပဲ။နန်းဝမ်းသာအားရဖြင့် သဲကိုပြေးဖက်ထားလိုက်သည်။သဲမသေဘူး။နန်းရဲ့သဲလေးမသေဘူး။

"ဟို...ဟို အစ်မ သဲကိုသိတာလား"

"ဟင်"

အစ်မတဲ့လား။အစ်မ သဲကိုသိတာလားတဲ့။သူစိမ်းဆန်သွားလိုက်တာ။

"သဲ မလေ၊မကိုမမှတ်မိဘူးလား"

"အစ်မ သဲကအစ်မကိုမှတ်မိမှာမဟုတ်ဘူး သဲကအတိတ်မေ့နေတာမို့ပါ"

သဲအနောက်ကလူငယ်လေးက ဖြေလာသည်။ဒီလူကရောဘာလဲ။သဲနဲ့ဘယ်လိုပက်သတ်နေတာလဲ။

"မောင်လေးက"

"ကျွန်တော်ကသဲရဲ့ချစ်သူပါ မကြာခင်လက်ထပ်ကြတော့မှာ"

အချစ်ဖြင့်တည်သောကမ္ဘာငယ်လေး  အချစ်ဖြင့်တည်သောကမ္ဘာငယ်လေးWhere stories live. Discover now