part 14

2.5K 121 5
                                    

"သဲ မတို့လက်ထပ်ကြစို့လေ"

"ဘာလဲ သဲကောင်းမှန်းသိသွားလို့ "မ"သဲနဲ့မခွဲနိုင်တော့ဘူးလား"

"ဟာ...ကလေးစုတ်လေး"

"ဟီး စတာ...စတာ"

သဲကိုထုရိုက်လာတဲ့ မရဲ့လက်လေးကိုဖမ်းဆွဲရင်းဆိုမိသည်။

"မ တစ်ကယ်လက်ထပ်ချင်တာလား"

မမျက်နှာလေးကို စေ့စေ့ကြည့်ရင်းမေးမိသည်။

"အင်း တို့အချိန်မဆွဲချင်တော့ဘူး တို့ကအသက်ကြီးနေပြီသဲကငယ်ငယ်လေးရှိသေးတယ် တို့သဲကို‌ဆုံးရှုံးလိုက်ရမှာ ကြောက်တယ်"

သဲရယ်မိလိုက်သည်။မကအသက်ကြီးနေပြီဆိုတဲ့စကားကို ခဏခဏသုံးတာပဲ။သဲမျက်လုံးထဲမှာတော့ မကအမြဲတမ်းနုပျိုနေတဲ့သူတစ်ယောက်ပါပဲ။

"သဲ ဘာရယ်တာလဲကွာ၊တို့ကိုလှောင်တာလား"

"မဟုတ်တာ၊သဲမလှောင်ရပါဘူးမရယ်...၊မတစ်ကယ်လက်ထပ်ချင်တယ်ဆို‌ရင်လဲ သဲတို့လက်ထပ်ကြတာပေါ့ သဲလဲမနဲ့ခွဲပြီးမနေနိုင်တော့ဘူး မနဲ့နေ့တိုင်းအတူနေချင်နေပြီ"

သဲဆိုလာတဲ့စကားကြောင့် နန်းရှက်ပြီးမျက်နှာကြီးငုံ့ကျသွားသည်။

"အင်း မတို့လက်ထပ်ကြရအောင်နော် အခုနေလက်ထပ်မှကလေးယူဖို့အဆင်ပြေလောက်မှာလေ ဒီထက်ပိုပြီးအသက်ကြီးသွားရင် မအတွက်ကိုယ်ဝန်ဆောင်ဖို့အဆင်မပြေဖြစ်မှာစိုးတယ်"

ဖေဖေနဲ့မေမေ လဲမြေးချီချင်တာကိုနန်းသိတာကြောင့် ခုလိုဆိုလိုက်မိခြင်းဖြစ်သည်။

"ဟင် မကကလေးပါယူမလို့လား"

"အင်းပေါ့ သဲရဲ့ဘာလဲသဲကမလိုချင်လို့လား"

"မဟုတ်ပါဘူး သဲကမအချစ်တွေတစ်ယောက်တည်းအပိုင်ယူချင်တာ ဘယ်ကလေးကိုမှမမျှပေးနိင်ဘူး"

"ဟား သဲကတစ်ကယ်ပါပဲ"

"ဒါနဲ့မ အဲ့လိုကလေးယူဖို့ကငွေရာနဲ့ချီပြီးကုန်မှာပဲ၊သဲရှာနိုင်ပါ့မလား"

နန်းမျက်နှာပျက်သွားသည်။

"သဲမရှာနိုင်ပေမယ့် "မ"မပူပါနဲ့၊ဘဏ်မှာသဲအတွက်ဖေဖေနဲ့မေမေတို့ထဲ့ထားပေးတာတွေရှိတယ် "မ"လိုချင်ရင်ဆယ်ယောက်လဲမွေးလို့ရတယ် သဲကဖေဖေတို့ငွေကိုမထိချင်လို့ မအတွက်တော့သုံးရမှာပေါ့"

အချစ်ဖြင့်တည်သောကမ္ဘာငယ်လေး  အချစ်ဖြင့်တည်သောကမ္ဘာငယ်လေးWhere stories live. Discover now