part 7

2.3K 137 4
                                    

ဦးဘုန်းမြင့်တစ်ယောက် သတင်းစာဖတ်နေရင်းမှ စေ့စေပ်ကြောင်းလမ်းမင်္ဂလာကိုနှစ်ဦးသဘောတူဖျက်သိမ်းကြောင်းကြေငြာခြင်းဆိုတာ‌ကို ဖတ်မိပြီးအံ့ဩထိတ်လန့်သွားသည်။

"သမီး...နန်း...ဒီကိုလာပါဦး"

"ရှင်...လာပြီဖေဖေ"

နန်းမေမေနဲ့အတူ ဖေဖေ့ဆီကိုလာခဲ့လိုက်သည်။သဲလဲဆိုင်သွားဖို့ပြင်နေရာမှ အန်ကယ်လ်ဘုန်းမြင့်ကြောင့်မသွားဖြစ်သေးပေ။အန်ကယ်လ်ကအထိတ်တလန့်နဲ့ ဘာကိစ္စများပါလိမ့်။

"ဘာကိစ္စလဲအစ်ကို"

"မင်း အသာနေဦး၊သမီး ဒါဘယ်လိုဖြစ်တာလဲသမီး"

နန်း ဖေဖေ့ဆီကသတင်းစာကိုယူကြည့်လိုက်တော့ နန်းသဘောပေါက်သွားသည်။ကိုမာန်ကနန်းတို့စေ့စပ်မင်္ဂလာကိစ္စကိုဖျက်သိမ်းကြောင်း သတင်းစာမှာထဲ့လိုက်တာပဲဖြစ်သည်။

"သမီး"

သမီးဖြစ်သူကိုကြည့်ရတာ နဲနဲလေးမှအံ့ဩမသွားပေ။ဒီလိုလုပ်ဖို့ သမီးနန်းကတစ်ကယ်ပဲဆန္ဒရှိခဲ့တာလား။

"ဒါကကိုမာန်နဲ့သမီးနှစ်ဦးသဘောတူဆန္ဒနဲ့ပါဖေဖေ"

"သမီးရယ် အဲ့လိုဆိုလဲဖေဖေတို့ကိုအရင်ပြောခဲ့ဦးမှပေါ့"

သမီးအဖေရဲ့စိတ်မကောင်းတဲ့လေသံနဲ့ဆိုလာတဲ့စကားကြောင့် ဒေါ်နန်းယဉ်သမီးရဲ့လက်ထဲကသတင်းစာကိုလှမ်းယူကြည့်လိုက်မိသည်။

"ဟင်....ဒါ...ဒါ"

"သမီး"

"တောင်းပန်ပါတယ်ဖေဖေနဲ့မေမေ"

နန်းမျက်နှာလေးနဲ့တောင်းပန်လိုက်သည်။

"သမီးဒီလိုစေ့စပ်ပြီးမှအဖျက်ခံလိုက်ရတာ မိန်းကလေးတစ်ယောက်အနေနဲ့ဘယ်လောက်နစ်နာရလဲ ဒါကိုသမီးရဲ့လား"

"ဖေဖေ နန်းဒါတွေသိပါတယ်၊ဒီအတွက်လဲသမီးနောင်တမရပါဘူး ဖေဖေတို့ကိုသိမ်ငယ်စေမိတဲ့အတွက်တောင်းပန်ပါတယ်"

လတ်စသတ်တော့ မနဲ့ဟိုလူရဲ့စေ့စပ်ထားတာကိုဖျက်သိမ်းလိုက်တာပါလား။မလဲမျက်နှာမကောင်းသလို အန်တီနန်းယဉ်တို့လဲမျက်နှာမကောင်းကြပေ။ထိုစဉ်မှာ အိမ်ရှေ့မှာဧည့်သည်တွေရောက်လာလေသည်။

အချစ်ဖြင့်တည်သောကမ္ဘာငယ်လေး  အချစ်ဖြင့်တည်သောကမ္ဘာငယ်လေးDonde viven las historias. Descúbrelo ahora