part 12

2.5K 138 12
                                    

နန်းအိပ်ရာနိုးတော့ သဲကသူမကိုခွထားလျှက်ရှိပြီး နန်းရဲ့ကိုယ်သေးသေးလေးက သဲရဲ့အောက်မှာပြားပြားဝပ်နေသည်။ကျစ်..ဒီကလေးမကတော့လေ။သဲကိုတွန်းဖယ်ဖို့လုပ်လိုက်တော့ သဲကနိုးလာသည်။

"ဟင်... sorryမ၊သဲတမင်လုပ်တာမဟုတ်ပါဘူး တောင်းပန်ပါတယ်နော် သဲကညအိပ်ရင်ဖက်လုံးနဲ့ဖက်ပြီးအိပ်နေကျမို့အကျင့်ပါပြီး မကိုခွထားမိတာ..."

"ရပါတယ်"

သဲ တမင်လုပ်တာမဟုတ်မှန်းသိနေတော့လဲ စိတ်ဆိုးလို့မရပေ။

"သွားစို့ မျက်နှာသစ်ရအောင်"

"ဟုတ်ကဲ့ မ"

မျက်နှာသစ်ပြီးတဲ့နောက် နန်းအောက်ထပ်ဆင်းခဲ့လိုက်ပြီး မနက်စာအတွက်ပြင်ဆင်လိုက်သည်။မိုးညှင်းကနေ၇၆မိုင်ခရီးရှိတဲ့ ကသာအထိသွားရမှာဆိုတော့ အဆာခံအောင်ထမင်းကြော်ဖို့လုပ်လိုက်သည်။ထိုစဉ်သဲကသူမခါးလေးကိုနောက်ကနေသိုင်းဖက်လာသည်။

"သဲ ဘာလုပ်တာလဲ၊မမိဘတွေမြင်သွားလိမ့်မယ် ဆင်ခြင်ဦးအခုနေအသိပေးဖို့စောသေးတယ် သဲရဲ့"

"ဟုတ်ကဲ့ပါ သဲဆင်ခြင်ပါ့မယ်"

"လိမ္မာတယ် မရဲ့သဲလေးက"

နန်းအရပ်ထောက်ကာ သဲရဲ့နဖူးလေးကိုမော့ပြီးနမ်းလိုက်တော့ သဲမျက်နှာလေးရွှင်ပြုံးသွားရှာသည်။နန်းထမင်းကြော်လို့ပြီးသွားတော့ မေမေတို့တွေရောက်လာလေသည်။

"သမီးတို့တွေအစောကြီးနိုးကြတာပဲ သမီး‌သဲသဲရောလိုက်မှာမဟုတ်လား"

"ဟုတ် အန်တီ"

"ကဲ့ စားကြရအောင်၊ပြီးရင်ဇလုံတောင်ဘုရားဖူးသွားကြမယ်"

"ဟုတ်ကဲ့ ဖေဖေ"

စားသောက်ပြီးတော့ အနွေးထည်နဲ့အဝတ်စားအပိုတွေထုပ်ပိုးပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင် ဗန်းမောက်မြို့နယ်မှာရှိတဲ့ ဇလုံတောင်သို့ထွက်လာခဲ့ကြသည်။မိုးညှင်းကနေဗန်းမောက်ထိ ၇၆မိုင်ကွာဝေးပြီး ကားနဲ့အမြန်ဆိုရင်၂နာရီမိနစ်၄၀လောက်မောင်းရပြီး ပုံမှန်ဆိုလျှင်၃နာရီလောက်ကြာလေသည်။

အချစ်ဖြင့်တည်သောကမ္ဘာငယ်လေး  အချစ်ဖြင့်တည်သောကမ္ဘာငယ်လေးWhere stories live. Discover now