RVTIACF Chapter-(5)

Start from the beginning
                                    

သူမပိုင်ရွယ်ဝေ့ကို အခုလေးတင်ဖုန်းခေါ်ခဲ့ပေမယ့် ကံမကောင်းစွာပဲသူမသမီးက ဖုန်းကိုမဖြေပေ။ သူမဒီမှာတစ်ယောက်တည်းဖြစ်နေတာကြောင့် ချူမိသားစုကသူမကိုအမှိုက်သဖွယ် ကိုယ်ထိလက်ရောက်ကန်မထုတ်တာသေချာအောင်လုပ်ရမည်။ အဲ့လိုမှမဟုတ်ရင် သူတို့ရဲ့ခမည်းခမက်အဖြစ်လက်ခံဖို့ ယိမိသားစုကသေချာပေါက်ငြင်းမည်ပင်။

အစေခံတွေအိပ်တဲ့တန်းလျားအနီးမှာ အတော်လေးဆူညံနေသည်ကို ဖန်ချင်းသတိထားမိသည်။ သူမခေါင်းယမ်းကာရယ်ရယ်ချင်စိတ်ကြောင့် ပြုံးလိုက်တော့သည်။

"ကြည့်ရတာသမီးက ဒါကိုတွက်ထားပြီးသားပဲ၊ ပိုင်လင်းရဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုနဲ့မာနက အရမ်းကြီးတယ်။ ဒီတော့သူခိုးတစ်ယောက်လိုသူမရဲ့အထုတ်တွေကို တခြားသူတွေစောင့်ကြည့်ခံရအောင်လုပ်တာက သူမကိုသေချာပေါက်စိတ်မချမ်းမသာနဲ့အဆင်မပြေဖြစ်စေမှာ။"

သူမတည့်တည့်လျောက်လာကာ ချူရှောင်းရဲ့ဆံပင်ကိုရှင်းပေးရင်း ညင်သာစွာပြောလာသည်။

"သမီးအခုလုပ်လိုက်တဲ့အရာကမှန်တယ်။ တခြားသူကိုအနိုင်ကျင့်ဖို့ မေမေတို့ရဲ့အဆင့်အတန်းနဲ့အင်အားကိုမသုံးခဲ့ပေမယ့် အမေတို့အနိုင်ကျင့်ခံရရင်လည်း နောက်ဆုတ်မနေသင့်ဘူး။ သမီးအနာဂတ်မှာဒီလိုမျိူးကြုံရရင်လည်း အမေတို့ကိုမလိမ်နဲ့။ အဲ့အစား အမေတို့
ဆီတည့်တည့်လာ သမီးကိုကူညီပေးမယ်။ နောက်ဆုံးတော့လည်း မိဘတွေဆိုတာသူတို့သ
ကလေးတွေရဲ့အခိုင်မာဆုံးနောက်ခံ ဖြစ်သင့်တာပဲလေ။"

ချူရှောင်းခေါင်းငြိမ့်ပြီးပြောလိုက်သည်။

"မေမေထပ်ပြီးစိတ်မပူပါနဲ့တော့၊ အခုဆိုသမီးအကုန်လုံးကို နားလည်နေပါပြီ"

"ကောင်းပြီ။ မေမေနားလည်ပြီ။ အပေါ်တတ်ပြီးအင်္ကျီလဲတော့။ ညစာစားပြီးရင် သမီးကျန်တဲ့နေ့တွေကိုဘယ်လိုဖြတ်သန်းချင်လဲပြော။ ဒီနေ့မေမေအလုပ်မသွားဘူး။ အဲ့ဒါအစားသမီးဆန္ဒရှိတာဘာပဲဖြစ်ဖြစ်လုပ်ပေးဖို့ အတူရှိနေပေးမယ်။"

ချူတုံချီ လမ်းလျောက်လာပြီး တောင်းတောင်းပန်ပန်ပြောလာခဲ့သည်။

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now