RVTIACF Chapter-(5)

Start from the beginning
                                    

သူမသူတို့ကို ဒေါသတကြီးစိုက်ကြည့်ကာ အော်ဟစ်တော့သည်။

"မဟုတ်မဟတ်တွေ လေရှည်နေတာတော်လိုက်တော့! နင်တို့ဘာသိလို့လဲ? နင်တို့ငရဲကျပြီးလျှာဖြတ်ခံရမှာကြောက်လား? "

အစေခံတွေအချင်းချင်းကြည့်ပြီး သူမကိုသရော်ပြုံးပြုံးကြတော့သည်။

"ရှင်အရမ်းယုတ်မာတဲ့ အလုပ်တွေကျူးလွန်ပြီးတာတောင်ငရဲကျမှာမကြောက်ဘဲ ဘာလို့ကျွန်မတို့ကငရဲကျမှာကို ကြောက်ရမှာလဲ"

"ရှင့်သမီးက အတော်လေးလုပ်နိုင်စွမ်းရှိတယ်နော်။ သူမငယ်ငယ်ကတည်းက အလိုလိုက်ခံရပြီး ချမ်းသာတဲ့မမလေးဘဝမှာနေရတယ်။ အခုအရွယ်ရောက်ပြန်တော့ ချမ်းသာတဲ့သခင်လေးနဲ့လက်ထပ်နိုင်တုန်း။ ကြည့်ရတာရှင်ကရှင့်ဘဝကို အချည်းနှီးနေခဲ့တာမဟုတ်ဘူးပဲ"

"ဒါတွေအားလုံးက အစ်မပိုင်သူ့သမီးကိုသေချာသင်ပေးခဲ့လို့ပေါ့၊ အမေတူသမီးလေ၊ နှစ်ယောက်လုံးအရှက်မရှိဘူး။"

"နင်!-နင်တို့တွေ..."

ပိုင်လင်းကသူများတွေနဲ့ အငြင်းမပွားချင်ခဲ့ချေ။ အထူးသဖြင့်သူတို့ရဲ့ပြောဆိုချက်တွေကို ဘယ်လိုချေပရမှန်းမသိသည့်အခါမျိုးတွင်.....သူမဒေါသကြောင့်တုန်ယင်နေပြီး သူမကိုယ်သူမထောက်ခံနိုင်မဲ့စကားတစ်လုံးတောင်မပြောနိုင်ခဲ့၍ အရမ်းစိတ်တိုကာ ခံပြင်းလေသည်။

အစေခံတစ်ယောက်က သူမနာရီကိုဝေ့ကြည့်ရင်း "အစ်မပိုင် ကျေးဇူးပြုပြီးမြန်မြန်လေးအထုတ်ပြင်ပါ။ အထုတ်ပြင်တာလက်စသတ်ဖို့ဆယ်မိနစ်ပဲကျန်တော့တယ်။ အကြောဆန့်ပြီး ကြွက်သားတွေအဆင်သင့်ဖြစ်အောင်လုပ်ထားရအောင်၊ ခဏနေပစ္စည်းတွေအပြင်ပစ်ထုတ်ရင်ကြွက်သားတွေမနာချင်ဘူး"

"စိတ်မပူပါနဲ့။ ငါတို့ကအရမ်းကျန်းမာပါတယ်။ အိတ်လေးတွေအထုတ်လေးတွေ အဝေး
ပစ်ရုံလောက်နဲ့ ပင်ပန်းတာတို့ဒဏ်ရာရတာတို့ သေချာပေါက်ဖြစ်မှာမဟုတ်ဘူး။ ငါတို့ရဲ့အဓိကရည်ရွယ်ချက်က သခင်မလေးရဲ့မျက်စိရှေ့မှာအမည်းစက်ဖြစ်နေတဲ့ သူတစ်ယောက်ကိုတားဖို့ပဲလေ။"

သူတို့တွေ သူမကိုတစ်ကယ်​ပဲ ချက်ချင်းကန်ထုတ်ပစ်မည်အား ပိုင်လင်းသိနေခဲ့သည်။ ဒါကြောင့် သူမဘယ်လောက်ပဲဒေါသထွက်နေပါစေ၊ ဆက်ပြီးအချိန်မဆွဲရဲချေ။ သူမအရှိန်မြှင့်ပြီး ပစ္စည်းတွေကိုအမြန်ထုပ်လိုက်၏။

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now