Eternal Story - 13

Start from the beginning
                                    

"လွန်းထိုင်နှင့်၊ မောင် ဦးမာန်ကိုသွားကူဦးမယ်"

ဆိုဖာပေါ်ဝင်ထိုင်လိုက်သူက မသွားနဲ့ဟု တားမြစ်ပိတ်ပင်ခြင်းမပြု။ စားပွဲခုံပေါ်တင်ထားသည့် magazine တစ်အုပ်ကို လှန်လှောရင်း ထိုအတိုင်းစောင့်နေခဲ့သည်။

"ဦးမာန်!"

ဘာဟင်းတည်ထားတာမှန်းမသိသည့် ဒယ်အိုးနီကို စတီးဇွန်းနဲ့မွှေရင်း ဖျတ်ခနဲခေါ်လိုက်တာမို့ လန့်သွားတဲ့ဟန်ဖြင့် လှည့်ကြည့်လာသည်။ မျက်လုံးတွေက စူးစူးကျုတ်ကျုတ်။ ဘာလိုချင်လို့လဲ၊ ဘာလဲဟူသည့် အကြည့်နဲ့။ ဒီလောက်ကြီးထိ ဖြစ်စရာမလိုဘဲ!

ထိုင်ခုံမှာထိုင်ပြီး သားစားနေသည့် ချိုချဉ်ဘူးကို တစ်လုံးနှိုက်တော့ မျှဝေမကျွေးလိုသူက ဘူးကိုဟိုဘက်တိုးဆွဲယူကာ သူ့ရင်ခွင်ထဲဝှက်သည်။

ဘာတွေရှုပ်နေမှန်းမသိသည့်ဦးမာန်ကို ကြည့်ရင်း ပြောစရာစကားကို လမ်းကြောင်းရှာရသည်။ ကိုယ့်ဘက်ကသာစကားမစရင် ဖော်ရွေမှုဆိုတာ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသလိုပဲ!

"သီတင်းကျွတ်လာကန်တော့တာ"

"ပြောပြီးသားပဲ"

'မင်းပြောပြီးသားပဲ' ဟူသည့်နောက်မှာ ငါသိသားဆိုတာကို တမင်မပြောဘဲ ကပ်ချန်သေးသည်။

"အဲ့ဒီတော့ မုန့်ဖိုးပေး"

မီးခလုတ်ကိုလျှော့ရင်း ပြူးကြည့်လာသည့် ဦးမာန်နိုင်မျက်လုံးတွေ။ အံ့​သြသလိုပြူးကျယ်သွားတာမျိုးမဟုတ်ဘဲ ဒီကောင် ဘာတွေလာကြောင်နေတာလဲဆိုတဲ့အဓိပ္ပါယ်မျိုးနဲ့ ပြူးကျယ်သွားတာဖြစ်သည်။ဦးမာန်နိုင် ထိုသို့ဖြစ်သွားသည့်တိုင် ဇာမ်က ချိုချဉ်အစုပ်မပျက်။

"ပိုက်ဆံမရှိဘူး"

ခပ်ရေးရေးတွန့်သွားသည့် ဇာမ့်နှုတ်ခမ်းတွေက ဒီလိုပြောမှာကို ကြိုသိနေတဲ့ဟန်။

သားကိုခေါ်လာပေးလို့ ကျေးဇူးတင်ပေမဲ့ ဦးမာန်နိုင်စိတ်ထဲ အတော်အချဉ်ပေါက်နေပြီ။ ငွေကိုကုန်းရုန်းရှာပြီး high boss ဖြစ်နေတဲ့ ဒီကောင်က  သူငယ်နာမစင်ဘဲ မုန့်ဖိုးလာတောင်းနေတာလား! သူ့လောက်မကြီးပွားတာသိလို့ သပ်သပ်လာဖဲ့နေတာလား! မြေးရှိလို့ထိန်းနေပေမဲ့ လက်ထဲကိုင်ထားသည့် စတီးဇွန်းနဲ့ပိတ်ရိုက်ပစ်လိုက်ဖို့ ဝန်မလေး။

High Boss's Husband (Completed)Where stories live. Discover now