အပိုင်း-150

Start from the beginning
                                    

ထိုသို့ အချိန်အတန်ကြာ အပြင်မထွက်ပဲ အခန်းအောင်းလေ့ကျင့်ခဲ့သဖြင့် ယခုအပြင်ထွက်တော့ သူ့မျက်စိများပင် အနည်းငယ် ကျိန်းစပ်သွားသလို ခံစားလိုက်ရသည်။

" ငါ့အဖေ ဘယ်သွားနေတာလဲ.."

ချင်းမင်က သူ့အဖေအား မြို့တော်ဝန်အိမ်တော် စာကြည့်ခန်း၌ သွားရှာရာ သူ့အဖေအား မတွေ့သဖြင့် အနီးရှိ အစေခံတစ်ဦးအား လှမ်းခေါ်ကာ မေးလိုက်ရသည်။

" သခင်လေးကို တင်ပြပါတယ်..၊ သခင်ကြီးက အခု မိသားစုအကြီးအကဲတွေနဲ့ အစည်းအဝေးခန်းမထဲမှာ အစည်းအဝေးလုပ်နေပါတယ်ခင်ဗျာ....."

အစေခံက တလေးတစား ပြန်ဖြေသည်။

ချင်းမင်က နားလည်ပြီဖြစ်ကြောင်း ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး သူ၏ ခြေလှမ်းများကို အစည်းအဝေးခန်းမဆီသို့ ဦးတည်လိုက်သည်။

ယခုလတ်တလောအတွင်း သူက မိသားစုအရေးကိစ္စများကို လျစ်လျူရှုထားခဲ့သည်ဖြစ်ရာ လျူမြို့၏ အခြေအနေများကို သိရှိထားခြင်း မရှိပေ။ ယခု သူ့အဖေက အစည်းအဝေးခန်းမထဲတွင် အကြီးအကဲများနှင့် ဆွေးနွေးနေကြပြီဖြစ်လေရာ သူလည်း တစ်ခါတည်း ဝင်ရောက်နားထောင်ရပေမည်။

များစွာမကြာလိုက်ချေ။ ချင်းမင်က မြို့တော်ဝန်အိမ်တော်၏ အစည်းအဝေးခန်းမရှေ့သို့ ရောက်ရှိလာခဲ့သည်။ အစည်းအဝေးခန်းမ အပြင်ဖက်မှ အစောင့်များမှာလည်း ချင်းမင်အား မြင်လျှင် ချင်းမင် အထဲသို့ ဝင်ရောက်ရန်အတွက် ကပျာကယာ တံခါးဖွင့်ပေးလိုက်ကြသည်။

" အိုး..၊ ချင်းမင်..သားလည်း ရောက်လာတာလား..."

ချင်းယွမ်တစ်ယောက် အစည်းအဝေးခန်းမထဲ ဝင်လာသည့် သားတော်မောင်အား မြင်လျှင် ဝမ်းသာအားရ လှမ်းမေးလိုက်သည်။

ချင်းမင်က လက်သီး ၂ ဖက်အား ဆုပ်ကာ နှုတ်ဆက်လိုက်သည်။

" အဖေ.နဲ့ အကြီးအကဲတို့.ကို နှုတ်ဆက်ပါတယ်.."

" ချင်းမင်..လာ..လာ..၊ ဒီမှာ မြန်မြန်လာထိုင်..၊ ငါတို့လည်း အခုလက်ရှိ လျူမြို့ရဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ဆွေးနွေးနေကြတာ..၊ မင်းရောက်လာတာနဲ့ အတော်ပဲဖြစ်သွားတာပေါ့..."

Book-1 (မှော်ဆေးဧကရာဇ်၊ သိုင်းနတ်ဘုရား ချင်းမင်)Where stories live. Discover now