"ဟား.....ဟာသပဲ သားအဖနှစ်ယောက်ပေါင်းပြီးတော့များ တို့သားအမိကိုပြောဆိုနေလိုက်တာ...။သား...ဖေဖေ့စကားကိုနားယောင်ပြီးတော့ လိုက္မပြောနဲ့လေ...။ပြီးတော့ အစားအသောက်ရွေးတယ် ဂျီးများတယ်ဆိုတာ ဘယ်နေရာမှကောင်းကျိုးမရှိဘူး...။အဲ့နေရာမှာ ဖေဖေ့ကို သွားအတုမယူနဲ့"
"သားက အကုန်စားတယ်လေ မေမေ..."
"ဟုတ်တယ်လေ...ကိုယ့်သားက ဘယ်မှာအစားရွေးလို့လဲ...။ကျွေးသမျှအကုန်စားနေတာပဲကို.."
"ဟုတ်ပါတယ်...။ကျွန်မသားက ကျွေးသမျှအကုန်စားတယ်...။ကိုသာ ဒီအရွယ်ကြီးထိ ဟိုဟာဒီဟာရွေးစားနေတာ...။ကလေးတွေရှေ့မှာ မရှက်ဘူးလား..."
"အဟွန်း မရှက်ပါဘူး...။ကိုယ်အစားရွေးတာက ကျန်းမာရေးကို ဘာထိခိုက်နေလို့လဲ...။အစားရွေးရက်နဲ့တောင် ဒီလိုဖြစ်အောင်နေနိုင်တာ ဂုဏ်ယူစရာမဟုတ်ဘူးလား..."
"ဟုတ်မနေဘူး...။သား ဖေဖေအခုပြောတာတွေကို မကြားဘူးလို့မှတ်လိုက်...။စုံစုံလင်လင်စားပြီးတော့ ကြီးထွားတာကမှ ဂုဏ်ယူစရာကောင်းတာ သိလား..."
သားက နိုရာ့နဖူးကိုတွန်းပြီး ကိုက်ဆွဲထားသောပါးစပ်ထဲက သူ့လက်သူပြန်ဆွဲယူရင်း ပြုံးစေ့စေ့လေးလုပ်နေလျှင် သူက မျက်ခုံးပင့်ပြလိုက်ကာ
"သားမေမေပြောတာ နားထောင်လိုက်..။မဟုတ်လဲ ဖေဖေတို့က ရင်ဘတ်ချင်းနီးပြီးသားပဲ...။ပြောနေစရာမလိုဘူး ဟုတ်တယ်မို့လား..."
"ဘာရင်ဘတ်ချင်းနီးတာလဲ...။ကျန်တာ အကုန်တူလို့ရတယ်...။အဲ့ဒီဂျီးများတာကိုတော့ လိုက္မတူစေနဲ့..။မေမေက ဘယ်ဟာမဆို အားရပါးရစားမှကြိုက်တာ...။ကျန်တဲ့နေရာတွေ ဖေဖေနဲ့တူနေတာကို ဒီတစ်ခုလေးတော့ မေမေနဲ့တူလိုက်လေ...နော်.."
ပြောနေရင်းနှင့် နေသန်သိပ်မစားသည့် ဘရိုကိုလီကို သူကြိုက်တတ်လေသောပုဇွန်နှင့်ရောကာ တစ်လုတ်ခွံ့ကျွေးလိုက်သည်။ထိုအခါ သားက ကောင်းကောင်းစားပြနေရင်း ပါးစပ်ထဲကကုန်သွားလျှင်
"မေမေ ထပ်ကျွေးဦး..."
ရွှေခေတ်က ကျေနပ်စွာပြုံးကာ နောက်တစ်လုတ်ထပ်ခွံ့လိုက်လျှင် နိုရာက သူ့အစ်ကိုကို နှာခေါင်းရှုံ့ကြည့်လိုက်ရင်း
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေး...
Why do fireflies have to die so soon?
Start from the beginning
