3 ( Z )

68 9 0
                                    

"Australis ခဏလောက်"

ထူးထူးခြားခြား တစ်ပတ်ခန့်အကြာ၌ သူ့နာမည်ကို ခေါ်၍ နှုတ်ဆက်သော အတန်းဖော်တစ်ဦး ရှိလာလေပြီ။ လှည့်ကြည့်လိုက်တော့ ရောက်စနေ့က စာရွက်လိုက်ကောက်ပေးခဲ့သည့် အတန်းဖော်ဖြစ်နေ၏။ တစ်နေရာရာကို သွားမည့်ပုံဖြင့် အနောက်တွင်လည်း ကျန်ကျောင်းသားများ ပါကြသေးသည်။

"Tennis ပွဲ သွားကြည့်ကြမလို့။ လိုက်မလား"

လေ့ကျင့်စရာ‌တွေ တစ်ပုံတစ်ပင်ရှိထားသည့်ကြားထဲကမှ တခြားအရာများအား စပ်စုရန် ဒီကျောင်းသားများ၌ အချိန်ကျန်နေသေးပုံရ၏။

သူတွေဝေနေသည်ကို မြင်လျှင် နောက်ထပ် အတန်းဖော်တစ်ဦးက ပုခုံးမှဖက်ကာ ဆွဲခေါ်သည်။

"ငါတို့အတန်းဖော်အချင်းချင်း အားပေးသင့်တယ်မလား။ လိုက်ခဲ့စမ်းပါကွ"

"အတန်းဖော် ? အတန်းထဲက ဘယ်သူပါလို့လဲ"

"ဘယ်သူရမလဲ Polaris ပေါ့"

အဖြေစကားကြောင့် သူနှာခေါင်းရှုံ့မိလိုက်၏။ တခြားသူဆိုလျှင် အားနာပါးနာနဲ့ လိုက်ပေးလိုက်ဦးမည်။ ဒီတစ်ယောက်ကတော့ ဘယ်လိုမှ မဖြစ်နိုင်ပေ။ ဟိုတစ်နေ့က ပြောခဲ့သည့်စကားကို ခုထိ အစာမကြေသေး။

"မလိုက်တော့ဘူး။ ဆရာပေးထားတာတွေပဲ လေ့ကျင့်လိုက်တော့မယ်"

"ကောင်းပြီလေ။ ဒါဆိုလည်း ငါတို့သွားပြီ"

နှုတ်ဆက်ကာသွားကြသူများကို ၀တ်ကြေတန်းကြေ လက်‌တော့ပြလိုက်သည်။

"ဟေ့ကောင် Tennis ပွဲ သွားကြည့်ကြမလို့တဲ့လား"

Toilet ထဲမှ အူးရားဖားရားပြေးထွက်လာပြီး အသက်မရှူဘဲ မေးနေသည့် မိုးညိုကြောင့် သူခေါင်းညိတ်ပြလိုက်သည်။

"အေး မင်းကြည့်ချင်လို့လား"

"ကြည့်ချင်တာပေါ့ကွ။ ငါက အားကစားပွဲတွေဆို တအားကြိုက်တာ"

"အဲ့တာဆို လိုက်သွားလေ။ ငါကတော့ မသွားတော့ဘူး"

"မင်းကလည်း လာစမ်းပါကွ။ ငါတစ်ယောက်တည်း သွားရမှာလား"

"မင်းတစ်ယောက်တည်း မဟုတ်ပါဘူး။ ကြက်တောင်အသင်းက ကောင်မလေးတွေလည်း ရှိတယ်လေ"

Your Popularity is My Calamity { Completed }Where stories live. Discover now