8 ( U )

545 74 14
                                    

2014

မြောက်ပြန်လေ တသုန်သုန်ဆော်သွေးလျက် မြူလွှာတို့ ခပ်ပါးပါးအုပ်‌ဆိုင်းထားသော A မြို့သည် သူထားခဲ့သည့် အချိန်အခါတုန်းကလိုပင်။

မြို့မြောက်ပိုင်းက စည်ကားပြီး တောင်ပိုင်းက ခြောက်ကပ်ဆဲ။ မနက်စောစောတွေ့ရသည့် ပဲပြုတ်သည်တို့က အချိန်မနှောင်းခင် ခပ်သုတ်သုတ်လေး ပြေးလွှားကာ ရောင်းနေဆဲ။ မည်းညစ်၍ ကျိုးပေါက်နေသော ပလက်ဖောင်းများက ပြုပြင်ထားခြင်း မရှိသေးဘဲ အိုဟောင်းနေဆဲ။ နေမြင့်မှဖွင့်တတ်သော ဈေးကြီးကလည်း နှင်းမှုန်များကြား ငိုက်မျဉ်းနေဆဲ။

ဘောင်းဘီရှည်၀တ်ထားသည့်တိုင် ခြေကျင်း၀တ်ရှိ အနည်းငယ်လွတ်နေ‌သော နေရာထဲသို့ လေအေးက တိုးဝှေ့ရောက်လာ‌သေးသည်။ အရိုးထဲထိ စိမ့်အေးမှုကြောင့် ကိုယ်ကိုကျုံ့ကာ အင်္ကျီထူထူထဲ ကုပ်နေမိ၏။ လက်ထဲမှ ပြောင်ချော်ချော်၊ အေးစက်စက် အိုးလေးဆီ အကြည့်ရောက်သွားတော့ သူလည်း သူ့လိုပင်ချမ်းနေရှာလိမ့်မည်ဟု ထင်လိုက်မိသည်။

ခန္ဓာကိုယ်နှင့်အနီးဆုံးတွင် ကပ်ထားရင်း ဆောင်းတွင်းကြီးမှ ထွက်သွားခဲ့သော သူ့အမေကို အပြစ်တင်ရမည်လား သို့မဟုတ် အဝေးတွင် သွားနေရန် ဆုံးဖြတ်ချက်ချစဉ်က မငြင်းဆန်ခဲ့သော သူ့ကိုယ်သူပင် အပြစ်တင်ရမည်လား တွေးမိသွား၏။

ကလေးဘ၀ကတော့ အမေဟူသည် ဘယ်သောအခါမှ သေဆုံးမသွားမည့် အာဂလူသားဟု ထင်ခဲ့ဖူးသည်။ အရွယ်ရောက်လာတော့လည်း ဘယ်တုန်းကမှ မေမေဟာ နေမကောင်း မဖြစ်ခဲ့ဖူး၍ အသက်ရှည်ရှည်နေရမည်ဟုသာ တွေးထားခဲ့သည်။ ထို့ကြောင့်လည်း တစ်ယောက်တည်း စိတ်ချလက်ချထားခဲ့၍ ဖေဖေ့ဆီ သွားနေမိခြင်းပင်။

ယခုလို ရုတ်တရက်ကြီး မေမေထွက်သွားမည်ကို ကြိုသိခဲ့ပါက တစ်လတစ်ခါဖြစ်ဖြစ်တော့ အရောက်လာခဲ့မည်မှာ သေချာသည်။ ‌အချိန်များအား မေမေနှင့်အတူသာ အတတ်နိုင်ဆုံး ကုန်ဆုံးခဲ့မည်။ သို့ရာတွင် ကြံ့ခိုင်မှုနှင့် ‌ရောဂါကပ်ဆိုးတို့အပေါ် ယုံကြည်မှုလွန်ကဲခဲ့သဖြင့် မေမေရောဂါအသည်းဆုံးအချိန်မှသာ သူအိမ်ပြန်ရောက်သွားခဲ့၏။

Your Popularity is My Calamity { Completed }Where stories live. Discover now