systemကတော့ ချန်လီကောရဲ့အရှက်မရှိမှုတွေအတွက် တော်တော်လေးကို အံ့သြနေပြီးသား
ဖြစ်တယ်။သူက သူ့ကိုယ်သူလည်း သံသယဝင်မိတယ် သူက သီးခြားနေတတ်တဲ့ AI နည်းပညာ
systemတစ်ခုဖြစ်ပြီး သူ့ရဲ့ပရိုဂရမ်ထဲမှာ
ကိုယ်ဘာသာဖျက်ဆီးချင်တဲ့ နည်းပညာပါမလာတာတောင် အဲစိတ်တွေဝင်မိနေတယ်။အဲဒီနည်းပညာသာ သူ့ပရိုဂရမ်ထဲပါလာလို့ကတော့
သူ့ကိုယ်သူ ဖျက်ဆီးမိမှာ ကျိန်းသေပေါက်ပဲ။

ကြည့်ရတာ အရင်က ချစ်စရာကောင်းပြီး
ဖြူစင်တဲ့ system ဟာ ဒီလူကြီးကမ္ဘာကို
ရောက်လာမှ အတွေ့အကြုံမျိုးစုံ ရခဲ့တဲ့ပုံပဲ။

မဟုတ်ဘူး ဒီကမ္ဘာလိုပြောလို့မရဘူး၊ချန်လီကောရှိတဲ့ကမ္ဘာဆို ပိုမှန်မယ်။

ချန်လီကောရှိတယ်လို့သာ ကြိုသိခဲ့ရင်
သူsystemအလုပ်ကို ဘယ်တော့မှ ဝင်လုပ်ခဲ့မှာ
မဟုတ်ဘူး။

လှုပ်ရှားမှုတွေ လုပ်လိုက်တိုင်း ချန်လီကောရဲ့
တင်ပါးဟာ နာနေတုန်းပဲ။လုကျစ်ရန်က
မနေ့က သူ့ကိုအများကြီး နာကျင်အောင်
မလုပ်ခဲ့ရင်တောင် သူတို့လုပ်သင့်တာတွေ
အကုန်လုပ်ပြီးသွားပြီး ရှိသမျှ နည်းတွေအကုန်လုံးလည်း သုံးပြီးသွားပြီ။

ချန်လီကောလို အရင်က အရှိန်နှုန်းမြင့်မြင့်နဲ့
မောင်းနှင်ခဲ့သူတောင် တစ်ခါမှစိတ်မကူးဖူးတဲ့
လုံးပတ်အကြီးကြီးကို မြင်ခဲ့ရမှာမဟုတ်ဘူး။

ချန်လီကောနိုးလာတော့ ဘယ်သူ့ကိုမှခေါ်ခြင်း
မရှိဘဲ အသိစိတ်ကင်းမဲ့နေသလို မျက်နှာကျက်
ကိုသာ ငြိမ်ကြည့်နေလိုက်တယ်။

လုကျစ်ရန်က နေ့လယ်ရောက်တော့ ချန်လီကော
အခန်းထဲကို တစ်ခေါက်လာကြည့်ခဲ့တယ်။
သူနိုးနေတာ မြင်တော့ မေးလာတယ်။

"မင်းဘယ်အချိန်က နိုးနေတာလဲ"

ချန်လီကောက မျက်လုံးတွေမှိတ်လိုက်ပြီး
လုကျစ်ရန်နဲ့စကားပြောချင်စိတ်မရှိသလို
နေခဲ့တယ်။

လုကျစ်ရန်က လျစ်လျူရှုပြီး နူးညံ့စွာ
ပြောလာတယ်။

"တစ်ခုခုအရင်စားလိုက်ဦး၊ကိုယ့်ကိုယ်ကို
အဆာမခံနဲ့ဦး"

Perfect destiny Arc4 မြန်မာဘာသာပြန်Where stories live. Discover now