11.1(အချိန်ဖြုန်းခဲ့တဲ့နောက်တစ်နေ့)

4.3K 555 16
                                    

(Unicode)

ဒီတစ်ခါ လီယောင်ယောင် တရုတ်ပြည်ကို
ပြန်လာခြင်းက ချောမွေ့မနေခဲ့ဘူး။

လုကျစ်ရန်က ချန်လီကောက သူ့သားမဟုတ်မှန်း သိသွားတော့ လီယောင်ယောင်ရဲ့နိုင်ငံရပ်ခြားက
လူနေမှုဘဝကို ဆူးခလုတ်တွေများအောင်
ဖန်တီးထားလိုက်တယ်။

လီယောင်ယောင်က လုကျစ်ရန်ရဲ့ပုံစံကို
အရင်ရိပ်မိခဲ့တယ်ဆိုသော်လည်း သူ့ပုံစံက
ခန့်မှန်းရခက်ခဲ့တယ်။ဒါကြောင့် သူမကို
ဒုက္ခပေးတာ လုကျစ်ရန်ဆိုတာ သူမသိလာတယ်။
သို့သော်လည်းပဲ လီယောင်ယောင်ရဲ့အတွေးထဲမှာတော့ လုကျစ်ရန်သာ ချန်လီကောက သူ့သား
မဟုတ်မှန်း သိရင် သူ့ဆီချက်ချင်းပြန်ပို့မယ့်အကြောင်းက စိုးမိုးထားသေးတယ်။

ဒါပေမဲ့ လုကျစ်ရန်က သူ့သားကို ပြန်မပို့တဲ့အပြင် ကာပါကာကွယ်ပေးနေလိုက်သေးတယ်။

လီယောင်ယောင်က ဒီကိစ္စက မရုိးရှင်းမှန်း
သိပေမယ့် လုကျစ်ရန်ကို သံသယဆက်ဝင်လို့မရတော့ သူမအာရုံကို တခြားသူဆီ ပစ်မှတ်ထားလိုက်တယ်။

သူမသာ ကံကောင်းပြီး သူမကိစ္စတွေရဲ့ နောက်ကွယ်က ကြိုးကိုင်ခြယ်လှယ်သူကို
ရှာမတွေ့ခဲ့ရင် သူမရဲ့ကံဆိုးခြင်းတွေက
နောက်၁၀နှစ်အထိရပ်မှာ မဟုတ်ဘူး။

ဒီတစ်ချိန်လုံးမှာ သူမရဲ့ချမ်းသာမှုတွေက
စားဝတ်နေရေးတွေက ယိုယွင်းလာခဲ့တယ်။
သူမရဲ့ ယောက်ျားအသစ်လေးနဲ့ဆက်ဆံရေးတောင် အေးစက်လာခဲ့ပြီဖြစ်တယ်။

ကိစ္စတွေကဒီလိုဖြစ်လာတော့ သူမကြောက်ရွံ့လာတယ်။

သူမပြန်ရောက်လာလို့ လုကျစ်ရန်က ချန်လီကောကို သူ့သားမဟုတ်မှန်း သိရင် ဘာဖြစ်လာမလဲ
စဥ်းစားလို့တောင်မရခဲ့ဘူး။

သူဒီတစ်ခေါက် အိမ်ပြန်လာရတာ ကံဆိုးခြင်းပဲ
ဖြစ်တယ်။သူမကို တရုတ်နိုင်ငံမှာ လှုပ်ရှားမှု
လုပ်ရမယ်ဆိုပြီး အိမ်ကိုပြန်သွားဖို့ ဖိအားပေးခံခဲ့ရတာဖြစ်တယ်။

ပြန်လာပြီးတော့ သူမနဲ့စကားပြောဖို့အတွက်
သူမသားကို အရင်ရှာခဲ့တာဖြစ်တယ်။

Perfect destiny Arc4 မြန်မာဘာသာပြန်Where stories live. Discover now