5.2

3.3K 585 25
                                    

(Unicode)

သူကတံခါးကနေ ထွက်လိုက်တာနဲ့ systemကိုပြောလိုက်တယ်

"ဘုရားရေ ထုံထုံ ငါတော့ဒီညဝမ်းနည်းလွန်းပြီး
အိပ်လို့ပျော်မှာမဟုတ်ဘူး"

system -လူလိုပြော

ချန်လီကော-ငါဝမ်းနည်းနေတာ မင်းငါ့ကို လိုက်လျောပေးလို့ရမလား

system - ငါအချစ်ဇာတ်လမ်းတွေ မဖတ်ဖူးဘူး

ချန်လီကော-ဒါဆိုမင်းဘာဇာတ်လမ်းတွေဖတ်လဲ
ဇာတ်ညွှန်းတွေပဲဖတ်တာလား

ချန်လီကောက သက်ပြင်းချလိုက်တယ် သူအစကထင်တာက လုမိန်ချင်းနဲ့နီးစပ်ဖို့က လုကျစ်ရန်ရဲ့သားဖြစ်ရင်ရပြီ ထင်ထားပေမဲ့ ဘယ်သူကသိမှာလဲ သူက လုကျစ်ရန်သားမဟုတ်ဘဲ အိမ်နီးချင်းရဲ့ကလေးဖြစ်မယ်လို့ ဒါအရမ်းဆိုးတာပဲ လုကျစ်ရန်ကသူ့ကို ကူညီမယ်မထင်တော့ဘူး စိတ်ကူးယဥ်အိပ်မက်ပဲ

ချန်လီကော တိတ်ဆိတ်သွားတယ်

system-အဆိုးကြီးလည်းမဟုတ်ပါဘူး လုကျစ်ရန်က မင်းကိုသူ့သားမဟုတ်ကြောင်း ဘယ်သူ့ကိုမှမပြောဘူးလေ မဟုတ်ရင် အိမ်တော်ထိန်းကသိမှာပေါ့ ဒါ့အပြင် ဇာတ်လိုက်မရဲ့ဇာတ်လမ်းကလည်း သူ့မိသားစုအပေါ်မမှီခိုသေးဘူးလေ

systemက သူ့hostပြန်မဖြေလာတော့ စိုးရိမ်စွာကြည့်လိုက်တော့

"ဒီခွေး အရူးကောင် အိပ်ပျော်နေတာပဲ"

"ဘာတဲ့ ငါဒီည ဝမ်းနည်းလွန်းလို့ အိပ်ပျော်မှာ မဟုတ်ဘူးဆုိ ၁၅မိနစ်ပဲရှိသေးတယ် အိပ်ပျော်သွားပြီ f..k"

ချန်လီကောက ဟောက်တောင်ဟောက်နေလိုက်ပြီ

နောက်နေ့မနက်မှာ ချန်လီကောက ဝမ်းနည်းစွာနဲ့ အိပ်ရာကနိုးလာခဲ့တယ်

သူက ပြောလိုက်တယ်
"ဒီနေ့ရဲ့ နေရောင်ခြည်လေးက သိပ်တောက်ပတာပဲ ဒါပေမဲ့ ငါ့နှလုံးသားကတော့ မတောက်ပနိုင်ဘူး"

system-လာပြန်ပြီ

ချန်လီကော-ငါ့ကို နှစ်သိမ့်ဖို့ တစ်ယောက်ယောက်ကိုလိုတယ်

system -"........."

ချန်လီကော- အကောင်းဆုံးလုပ်ရမဲ့အရာက အသက်ရှည်ရှည်နေသွားဖို့ပဲ ငါက မျက်နှာကိုပဲ ကြည့်တတ်တဲ့လူမျိုးမဟုတ်ပါဘူးလေ ငါကလေးအဖြစ် နှစ်ပေါင်းများစွာ နေခဲ့ပြီးပါပြီ

Perfect destiny Arc4 မြန်မာဘာသာပြန်Where stories live. Discover now