10.2

4.2K 544 15
                                    

(Unicode)

ချန်လီကောက သူ့ကိုယ်သူ သေချာပြင်ဆင်လိုက်ပြီးတော့ သူ့ပုံစံကို မှန်ထဲမှာ ကြည့်နေလိုက်တယ်။ သူက ၃စက္ကန့်လောက်တောင် သနားစရာမကောင်းပါဘူး။systemကို သူက ကြွားနေသေးတယ်။

"ထုံထုံ ငါကဒီလိုပုံစံလေး ကြီးပျင်းလာတာပါလား ဒါကြောင့် ငါ့ကိုကြိုက်တဲ့သူများတာ
မအံ့ဩတော့ပါဘူး"

system-"........"

(ချန်လီကော ငါမင်းကိုအခွင့်အရေးပေးခဲ့တာကွ
မင်းဟာမင်းဆို ရမှာမဟုတ်လို့)

system က သူ့စိတ်ထဲမှာ ပြောနေလိုက်တယ်။

ချန်လီကောက "အဟီးဟီးဟီး"လို့ရယ်ရင်း
ကျောင်းဂိတ်ပေါက်ဝက လုကျစ်ရန်ကို သွားတွေ့လိုက်တယ်။

လုကျစ်ရန်က ချန်လီကောကို မြင်တော့
သူ့အကြည့်တွေက နူးညံ့ပျော့ပျောင်းသွားတယ်။

"မနက်စာစားပြီးပြီလား"

"အမ်"

"ကားထဲဝင်လေ"

ကားထဲဝင်လိုက်တာနဲ့ ချန်လီကောက စိတ်လှုပ်ရှားနေပြန်တယ်။

လုကျစ်ရန်က သူ့ဘေးနားမှာ ထိုင်နေတဲ့
သရဲလိုဖြူဖျော့ဖျော့မျက်နှာနဲ့ကလေးကို
ကြည့်နေမိတယ်။ဖြစ်နိုင်တာက လုကျစ်ရန်ရဲ့
နက်နက်နဲနဲ ကြည့်မှုတွေကြောင့် ချန်လီကောမနေတတ်တာဖြစ်ရမယ်။

လုကျစ်ရန်က ကားစမမောင်းသေးဘဲ စီးကရက်
တစ်လိပ်ကို ကားထဲမှာ သောက်လိုက်ရင်း
မေးလာတယ်။

"ဒီအပတ်ရော ကျောင်းတက်ရတာ အဆင်ပြေရဲ့လား"

"အဆင်ပြေပါတယ်"

"လဲ့ကျစ်ထောင်နဲ့ရော လမ်းခွဲပြီးပြီလား"

ချန်လီကောက သူ့နှုတ်ခမ်းကို ကိုက်လိုက်ရင်း
ဖြေလိုက်တယ်။

"အင်း"

လုကျစ်ရန်က သူ့စကားကို ကြားတော့ ကျေနပ်သွားပြီး စီးကရက်ကိုချလိုက်ပြီး ပြောလိုက်တယ်။

"ကောင်းတာပေါ့ ကိုယ်မင်းကို ပျော်စရာနေရာကို
ခေါ်သွားမယ်"

ပထမတော့ လုကျစ်ရန်လို စည်းကမ်းတင်းကြပ်ပြီး ကျန်းမာရေးလိုက်စားတဲ့လူက သူ့ကို
ဂိမ်းဆိုင် ဒါမှမဟုတ် ကစားကွင်းပဲ ခေါ်သွားမယ်
ထင်လိုက်တာ "ဘား"ဆိုတဲ့စာလုံးကိုလည်း
မြင်ရော သူကလန့်သွားတယ်။

Perfect destiny Arc4 မြန်မာဘာသာပြန်Where stories live. Discover now