9.1(ရီမုတ်ကွန်ထရိုနဲ့ အရုပ်ကားလေး)

4.3K 581 19
                                    

(Unicode)

"ဘေဘီကောရဲ့ စွန့်စားခန်း( 9)"

ချန်လီကောက Zကောလိပ်ကိုမသွားနိုင်တော့ဘူးဆိုကတည်းက လုကျစ်ရန်သူ့အတွက် ရွေးပေးတဲ့ကောလိပ်ကို စိတ်မဝင်စားတော့ဘူး။

ဝင်ခွင့်စာရောက်လာတဲ့နေ့မှာ နှင်းတွေထူထပ်စွာကျခဲ့တယ်။လမ်းမတွေမှာလူတွေနဲ့ပြည့်နေပြီး
နှင်းမုန်တိုင်းကြီးတိုက်ခတ်လို့ အိုးမဲ့အိမ်မဲ့ဖြစ်ရုံတင်မက ထိုအရာက လူတွေကိုပါ ဝါးမြိုနေခဲ့တယ်။
........ဒါတွေအားလုံးက ချန်လီကောရဲ့စိတ်ကူးထဲကပုံရိပ်တွေပါ။

တကယ်တော့ အပြင်မှာ ရာသီဥတုအခြေအနေက
အပူချိန် ၃၆ဒီဂရီရှိတဲ့အတွက်ကြောင့် သူက သူတက်ရယ့်ကျောင်းအကြောင်းကို အင်တာနက်ကနေ ရေခဲချောင်းစားရင်း ရှာကြည့်နေတယ်။

အံ့သြစရာမရှိတော့ဘူး၊ကောလိပ်က သူ့အိမ်နဲ့အလွန်နီးတယ်၊သူအဆောင်မနေဘဲ အိမ်ကနေ
လမ်းလျှောက်သွားရင်တောင်ရတယ်။

ချန်လီကော-ငါ့ရဲ့ ကြေကွဲဖွယ် အနာဂတ်ကို
ကြိုမြင်နေတယ်

system-မင်းရဲ့အနာဂတ်က မင်းရဲ့အိပ်မက်မှမဟုတ်တာ ဘယ်လိုလုပ်ကြိုမြင်ရတာလဲ

ချန်လီကော-(system ခွေးမသားလေး)

ဝင်ခွင့်စာမေးပွဲပြီးတဲ့နောက် နွေရာသီအားလပ်ရက်က သိပ်ကိုပူလွန်းတယ်။

ချန်လီကောက အပူကြောက်တတ်တဲ့လူဆိုတာသိတော့ လုကျစ်ရန်က သူဘယ်သွားချင်လဲမေးခဲ့တယ်။

ချန်လီကောက အနည်းငယ်စဥ်းစားပြီးနောက်
သူအိမ်မှာပဲနေချင်ပြီး ဘယ်မှမသွားချင်ကြောင်း ပြောလာတယ်။

အစကတော့ လုကျစ်ရန်က သူ့ကိုအိမ်မှာပဲနေဖို့စည်းရုံးသိမ်းသွင်းချင်ပေမယ့် သူ့အလိုတွေဖြစ်လာတော့ သူအံ့သြခဲ့ရတယ်။

လုကျစ်ရန်က သူ့စကားသူတည်ခဲ့တယ်၊သူ့ရဲ့ လက်ထပ်ဖို့သတင်းထွက်မလာတော့ဘူး။

ဒါပေမဲ့ အံ့အားသင့်စရာက သူနဲ့စေ့စပ်တယ်လို့
ကောလာဟလထွက်ခဲ့တဲ့ အမျိုးသမီးဟာ သူတို့အိမ်တံခါးကိုလာပြီး သူမကိုကူညီဖို့ လုကျစ်ရန်ကို ငိုပြောခဲ့တယ်။

Perfect destiny Arc4 မြန်မာဘာသာပြန်Where stories live. Discover now