☕ 16

718 61 2
                                    

Unicode

သုံးရက်ရှိပြီ။ ရိပေါ် ကောအိမ်မှာနေနေတာ။ ပြန်ရောက်လာကတည်းက အချိန်တို့ကို တစ်စက္ကန့်တောင်အစွန်းမခံပဲ ရှောင်းကျန့်နဲ့သာ ကုန်ဆုံးသည်။ ရိပေါ်က အလဟဿဖြစ်ခဲ့တဲ့ ငါးလကို တော်တော် နောင်တရနေမှန်း ရှောင်းကျန့်ရိပ်မိလိုက်ပါသည်။

ဒီနေ့က အောက်တိုဘာ ၅ ရက်နေ့...။ ကျန့်ကောရဲ့မွေးနေ့ဖြစ်တာကြောင့် ရိပေါ် အစီအစဥ်တွေအများကြီး လုပ်ထား‌ေလသည်။ အခုထိ အနုပညာလောကမှာ နာမည်မကျသေးတဲ့အပြင် ကမ္ဘာကျော်နေသေးတဲ့ သူ့အတွက် ကျန့်ကောနဲ့ နှစ်ယောက်ထဲ ပျော်စရာအချိန်တွေ ဖန်တီးဖို့ ဘယ်နေရာက အကောင်းဆုံးဖြစ်မလဲ စဥ်းစားရသည်မှာ ခေါင်းစားလှသည်။

နောက်ဆုံးတော့ ဝေလင်းအကြံပေးခဲ့သည့် နေရာကိုသာ ရွေးလိုက်ပြီး ကျန့်ကောကိုတော့ မပြော‌ဘဲ စပရိုက်တိုက်ဖို့ စီစဥ်ထားသည်။

သူ မုန့်စားချင်တယ်ဆိုလို့ ကောင်တာမှာ မုန့်သွားပြင်နေတဲ့ ကျန့်ကောကို ထိုင်နေကျ စားပွဲမှာ ထိုင်ပြီး ငေးနေတဲ့ ရိပေါ်။ မြည်လာသည့် ဖုန်းသံကြောင့် အကြည့်တို့ကို ဖုန်းဆီပို့လိုက်မိသည်။ ကျားယွမ် ဆက်တာဖြစ်သည်။ မနေ့ကလည်း သူနဲ့ဖုန်းပြောဖြစ်သေးသည်။ ကျားယွမ်ရဲ့ ရိပေါ်ကို ဆက်လက်အောင်မြင်စေချင်တဲ့ ဆန္ဒက ကျန့်ကောနဲ့အတူတူပင်။

ရိပေါ် ဆုံးဖြတ်ချက်ပြောင်းဖို့ အစီအစဥ်မရှိပါချေ။ သူပုန်းနေခဲ့တဲ့ ငါးလအတွင်းမှာကတည်းက ဒါကို အခါတစ်ရာမက စဥ်းစားပြီးမှ ဆုံးဖြတ်ခဲ့တာ။ အကယ်၍ သူ့ကို ကျန့်ကောက လက်ခံခဲ့မယ်ဆိုရင် သူ့အလုပ်ကိုစွန့်လွှတ်ပြီး ကျန့်ကောနဲ့ ဘဝကိုအေးဆေးဖြတ်သန်းဖို့ လိုလားတယ်။ ဒါက အဲ့တုန်းက သူရဲ့အိပ်မက်တစ်ခုသာသာပါပဲ။ အခုတော့ ဒါကိုအကောင်အထည်ဖော်နေရပြီ။ သူအခုအရမ်းပျော်တယ်။ ပြီးတော့ ကျန့်ကောရဲ့ ပျော်ရွှင်မှုက သူ့ရဲ့နံပါတ်တစ် ဦးစားပေးပဲ။

"ဟယ်လို"

"ရိပေါ်...မင်း weibo ကြည့်ပြီးပြီလား"

ရိပေါ်အလိုလို မျက်မှောင်ကြုံ့လိုက်မိသည်။ ဒါက ပြဿနာတစ်ခုခုဖြစ်နေပြီ ဆိုတဲ့အဓိပ္ပါယ်ပဲလေ။

My Coffee Lover☕ (Completed)حيث تعيش القصص. اكتشف الآن