☕ 2

1K 96 1
                                    

Unicode

ကော်ဖီဆိုင်ကအစ်ကိုကြီး ပြောတဲ့အတိုင်းသွားလိုက်တော့ တကယ်ကိုပင် တက္ကသိုလ်ဝန်းထဲတန်းရောက်သွား၏။ ကားရိုက်ရမယ့်နေရာကိုလည်း တည့်တည့်လှမ်းမြင်နေရ၏။

ဒါရိုက်တာကြီးက သူ့ကိုမြင်တော့ ရိပေါ်လာပြီဟုဆိုကာ သရုပ်ဆောင်တွေရှိသည့်နေရာ ဆွဲခေါ်သွား၏။ အကုန်လုံးက ပထမဆုံးအကြိမ် ဇာတ်တိုက်နေကြပြီဖြစ်ကာ အဝတ်အစားတွေကတော့ မလဲရသေးပေ။ ဒီနေ့က ဇာတ်ကား ပထမဆုံး ရိုက်ရမည့်နေ့ဖြစ်သည်။

ဇာတ်ကားက တက္ကသိုလ်ကျောင်းသားနဲ့ ကျောင်းသူရဲ့ ရိုးရှင်းတဲ့အချစ်ကိုမှ အသေငိုရမယ့် ဇာတ်လမ်းဖြစ်သည်။ ရိပေါ်ရဲ့ ဇာတ်ကောင်က ဇာတ်လိုက်ဆိုပေမဲ့ ဇာတ်အတော်နာသည်။ သူများထက်ကို ပင်ပင်ပန်းပန်းပိုကြိုးစား သရုပ်ဆောင်ရမှာမို့ မဆိုင်းမတွပဲ ဇာတ်ညွန်းကို ဖတ်ပြီး လေ့ကျင့်နေလိုက်သည်။

စားပွဲပေါ်မှာ ကော်ဖီခွက်လေးကိုချပြီးကာမှ သူသတိရမိသည်က သူအဲ့ဆိုင်ကနေထွက်လာကတည်းက လက်ထဲမှာ ကော်ဖီခွက်ကပါလာသည်ဆိုတာကိုပင်။ သူအခုထိ တစ်စက်မှမသောက်ရသေး။ အေးကုန်ပြီထင်ပြီး အဖုံးကိုဖွင့်လိုက်တော့ အခုထိအငွေ့လေးတွေ ထနေသေးတဲ့ ကော်ဖီလေးက အနံ့လေးမွှေးလို့။ ရိပေါ် ခွက်လေးကို နှာခေါင်းနဲ့ နည်းနည်းနီးစေလိုက်သည်။ ရတဲ့အနံ့က တကယ်ကိုမွှေးသည်။

တစ်ငုံသောက်လိုက်ပြီး ကိုယ်တိုင်တောင်မသိပဲ ခွက်လေးကိုကြည့်လို့ ပြုံးမိသွား၏။ ဇာတ်တိုက်နေတဲ့ သရုပ်ဆောင်တွေရော ဒါရိုက်တာနဲ့ Staff တွေကပါ သူ့ကိုဝိုင်းကြည့်နေကြပြီး ကော်ဖီခွက်တစ်ခွက်ကြောင့် ပြုံးနေတဲ့သူက ဝမ်ရိပေါ်မှ ဟုတ်ပါရဲ့လားဟု တွေးနေကြသည်။

ထိုဇာတ်လမ်းကို ပထမဆုံးစရိုက်သည့်နေ့မှာ အဆင်ပြေပြေနဲ့ပင် ပြီးသွား၏။ တွဲဖက်မင်းသမီးနဲ့လည်း အလိုက်အထိုက် ပြောဆိုဆက်ဆံရင်း ကိုယ့်စည်းနဲ့ကိုယ်နေခဲ့ကြ၏။ မဟုတ်ကဟုတ်က rumor တွေထွက်မှာကို ရိပေါ်က ဂရုစိုက်လို့တော့မဟုတ်။ ဒါပေမဲ့ ထွက်လာရင်လည်း နှစ်ဦးနှစ်ဖက် အကျိုးမရှိသည်မို့ သတိထားနေရမည်။

My Coffee Lover☕ (Completed)Where stories live. Discover now