☕ 6

800 87 5
                                    

Unicode

၇ နာရီထိုးနေပြီဖြစ်သော်လည်း ရှောင်းကျန့်ရဲ့ အရိပ်တောင်မမြင်ရတာကြောင့် ဝေလင်း ပေါင်မုန့်တွေထည့်ထားတဲ့အိတ်တွေကို သယ်ပြီး ရှောင်းကျန့်ဆိုင်ဆီ အမြန်သွားလိုက်သည်။ ပေါင်မုန့်လာယူရမယ့်အချိန်ကျော်နေပြီလေ။ ခါတိုင်းဆို ၆ နာရီအတိရောက်လာတတ်တာ။

ဧပြီလထဲရောက်နေတာမို့ ပူပြင်းလှတဲ့ နေ့တစ်နေ့ပင်။ Close ဘက်ကိုလှည့်ထားတဲ့ ဆိုင်းဘုတ်ကြောင့် ဒီနေ့ဆိုင်ပိတ်ကြောင်း ရှောင်းကျန့်သူ့ကိုမပြောတာဖြစ်ရမည်။ နေပူကြီးထဲရပ်ပြီး ရှောင်းကျန့်ဆီဖုန်းဆက်နေရ၏။

"ဟယ်လို"

"ဟယ်လို ရှောင်းကျန့် ဒီနေ့ဆိုင်ပိတ်တာလား"

"အင်းလေ"

"ဘာလို့ ငါ့ကိုမပြောတာလဲ"

"ငါမင်းကိုမက်ဆေ့ချ်ပို့ထားတယ်လေ"

ရှောင်းကျန့်ပြောကာမှ မက်ဆေ့ချ်အဝင်တွေကိုစစ်ကြည့်လိုက်တော့ နံပါတ်စိမ်းတစ်ခုမှ ဒီနေ့ဆိုင်ပိတ်သည်ဟု ပို့ထားသည်။ ပုံမှန်ဆို သူ့ဆီစာပို့တာက spam မက်ဆေ့ချ်တွေသာ များသည်မို့ စစ်မကြည့်ဖြစ်လိုက်တာ။ သူ့ချစ်သူကလည်း စာပို့လေ့မရှိ ကိစ္စသေးသေးလေးကအစ ဖုန်းဆက်ပြီးလှမ်းပြောတတ်သည်မို့။ ဒါပေမဲ့ ဘာလို့ နံပါတ်က မမြင်ဖူးတဲ့နံပါတ်ဖြစ်နေရတာလဲ။ ရှောင်းကျန့် ဖုန်းနံပါတ်ပြောင်းလိုက်တာလား။

"မင်းအခု အိမ်မှာလား"

"ဟင့်အင်း ဆိုင်မှာပဲ"

"အမ် ဟုတ်လား"

ဆိုင်ပိတ်ထားပြီး အထဲမှာ ဘာလုပ်နေတာလဲ။ ဆိုင်တံခါးကိုတွန်းဖွင့်ပြီး ဝင်လိုက်သည်နှင့် တစ်ပြိုင်နက်မြည်သွားတဲ့ ဘဲလ်သံ။

တောင်!

"ရှောင်းကျန့်! မင်း...."

ပြောမလို့လုပ်သည့်စကားတွေ ထပ်ထွက်မလာတော့သည်မှာ ဆိုင်ထဲတွင် ရှောင်းကျန့်အပြင် နောက်ထပ်လူတစ်ယောက် ထပ်ရှိနေတာကြောင့်။ ပြီးတော့ အဲ့ဒီ့လူက....မဖြစ်နိုင်တာ!!!။

"ဝေလင်း မင်းဘယ်တုန်းကတည်းက ဆိုင်ရှေ့ရောက်နေတာလဲ"

မနက်က......

My Coffee Lover☕ (Completed)Where stories live. Discover now