☕ 12

789 68 3
                                    

Unicode

Flash Back.....

Ae Li ဆီက အဆက်အသွယ်ရပြီလို့ ကျားယွမ်ကပြောတာကြောင့် ရိပေါ် အဝတ်အစားလဲကာ ရုံးခန်းထဲထွက်လာခဲ့သည်။ ကျားယွမ်ပေးတဲ့ဖုန်းကို ယူလိုက်ပြီး ကိုင်လိုက်သည်။

"ဟယ်လို ရိပေါ် အစ်မတောင်းပန်ပါတယ် ကိစ္စတွေကို အခုမှသိလို့ပါ တကယ်တောင်းပန်ပါတယ်နော် အစ်မဘက်က စာထုတ်ပြီး ငြင်းလိုက်ပါပြီ"

"ဘာလို့ အခုမှသိတာလဲ တစ်ခုခုများဖြစ်နေလို့လား"

"ဟို အဲ့တာက...တကယ်တော့ အစ်မမှာ ရည်းစားရှိတယ်"

ရိပေါ် သဘောပေါက်သွား၏။ အဲ့တာကြောင့် ကိစ္စတွေကို အခုမှသိတာကိုး။ နမ်းနေတယ်ဆိုတဲ့ပုံကလည်း သူ့ရည်းစားနဲ့ဖြစ်မှာ။ အဲ့တာကို ရိပေါ်နဲ့ဆိုပြီး ပြောတာက ပုံထဲမှာ ယောကျာ်းလေးဘက်ကို သေချာမမြင်ရပဲ တစ်ဖက်သတ်စွပ်စွဲထားခြင်းပင်။ Ae Li ပုံကတော့ ရေးတေးတေးနဲ့ဆိုပေမဲ့ သူမှန်းသိသာသည်။

အစ်မ Ae Li ဘက်က သူ့ရည်းစားအကြောင်းကို ထုတ်ပြချင်တဲ့ပုံမပေါ်တာကြောင့် ရိပေါ်ကပဲ ဒီသတင်းကိုစတင်တဲ့ သတင်းစာတိုက်ကို တရားစွဲလိုက်ပြီး လက်စဖျောက်လိုက်သည်။ အဲ့တော့မှ ကျန်တဲ့သတင်းစာတိုက်တွေက ငြိမ်သွားကြတာဖြစ်သည်။

"ကျွန်တော် အနုပညာလောက,က ထွက်ချင်တယ် အစ်ကို"

"ဘာ"

ကျားယွမ် အံ့ဩသွား၏။ ဒီလောက် အတိုက်အခိုက်တွေ များနေတုန်းကတောင် လက်မလျှော့ဘဲ ဒီအထိအောင်မြင်လာပြီးကာမှ အခုကြတော့ ရုတ်တရက် ဒီလောက,က ထွက်ချင်တယ်တဲ့လား။ သူအိပ်မက်မက်နေတာများလား။ ရိပေါ် ပုံစံက လုံးဝဆုံးဖြတ်ချက်ကို ပြင်မယ့်ပုံမပေါ်ပေ။

ကျားယွမ်က ရိပေါ်အသက် ၁၀ နှစ်အရွယ်မှာ စတင်သိကျွမ်းခဲ့သော အစ်ကိုကြီးတစ်ယောက်ဖြစ်သည်။ အဲ့တုန်းက ကျားယွမ်က ၁၈ နှစ်ရှိနေပြီ။ ရိပေါ် မိဘတွေဆုံးသွားတော့ ကျားယွမ်ကပဲ ရိပေါ်ကို ညီအဖြစ် မွေးစားခဲ့ပြီး ရိပေါ်အတွက် အထောက်အပံ့ကောင်းတစ်ခုဖြစ်ပေးခဲ့သည်။

ရိပေါ် ဒီလောကထဲဝင်တော့လည်း သူကပဲ အနစ်နာခံပြီး မန်နေဂျာအလုပ်ကိုရွေးကာ လိုသမျှဖြည့်ဆည်းပေးခဲ့သည်။ သို့ပေမဲ့ ရိပေါ်က သူ့ကို အစ်ကိုတစ်ယောက်လို သဘောမထားခဲ့ဘူးဟု ကျားယွမ်အမြဲထင်ခဲ့သည်။ တစ်ခါမှ အစ်ကိုလို့မခေါ်ဘူးသလို အမြဲခပ်တည်တည်နေတတ်တဲ့ ရိပေါ်က သူ့ကို စိမ်းကားလွန်းပါသည်။

My Coffee Lover☕ (Completed)Where stories live. Discover now