☕ 14

809 72 5
                                    

Unicode

ရိပေါ်က ရှောင်းကျန့်ကို ကျောပိုးထားရင်း မနက်စာပြင်နေသည်။ ကျောပေါ်က ရှောင်းကျန့်က ရိပေါ်ပါးကိုနမ်းလိုက် လည်ပင်းကို လေနဲ့မှုတ်လိုက်နှင့် စနေတာမို့ ရိပေါ် လုပ်လက်စကို ရပ်ကာ ကောကို စားပွဲပေါ် ထိုင်စေလိုက်သည်။

"ပျော်နေလား ကျွန်တော့်ကိုစရတာ"

"အင်း အရမ်း..အရမ်း ပျော်တယ်"

ရိပေါ် မဲ့ပြုံးပြုံးကာ ရှောင်းကျန့်မျက်နှာနား ကပ်လိုက်တော့ ကောက ‌ေရှာင်လိုက်ပြီး...

"အရင်ပြော! မင်းဘယ်တွေရောက်နေတာလဲ"

"ကောရဲ့အနားမှာပဲလေ ချုံချင်းမှာပဲ ရှိနေတာ"

"ဟမ့်! ငါထင်သားပဲ ဟိုညက ဆိုင်ရှေ့မှာ လူရိပ်တွေ့လိုက်တာ မင်းမလား"

"အင်း ကျွန်တော်...လာကြည့်တာ ကျန့်ကော အဆင်ပြေရဲ့လား သိချင်လို့"

"အဲ့ဒါများ ဘာလို့လာမတွေ့ခဲ့တာလဲ"

"ကျွန်တော် ကြောက်လို့...ကောနဲ့ထပ်တွေ့ရင် ကောက ကျွန်တော့်ကိုခါးခါးသီးသီးတွေပြောပြီး ထပ်မလာဖို့ ပြောလိမ့်မယ်ထင်လို့"

"အရူးလေး"

ရှောင်းကျန့် ပြောတော့ ရိပေါ်က မကျေနပ်တဲ့ပုံဖြင့် ဆွဲနမ်းလေတော့သည်။ ရှောင်းကျန့်လည်း အနမ်းတို့ကို တုံ့ပြန်ရင်း သူ့စိတ်ထဲတွင် မရှင်းလင်းသေးတဲ့ ကိစ္စတချို့ကိုလည်း စဥ်းစားနေမိသည်။

မနက်စာစားပြီးတော့ ဝေလင်းဆီ သွားချင်တယ်ဆိုသော ရှောင်းကျန့်ကြောင့် ရိပေါ်က ကျောပိုးကာ လိုက်ပို့ပေးလေသည်။ လမ်းလျှောက်နိုင်တယ်ပြောပေမဲ့ ရိပေါ်က လက်မခံပဲ လည်စည်းအနီလေးကို ပတ်ပေးကာ သူ့ကိုကျောပိုးလာသည်။ အစာမကြေအောင်လုပ်နေပြန်ပြီဟု ရှောင်းကျန့် တွေးလိုက်မိပေမဲ့ တစ်ဖက်ကလည်း ကျေနပ်နေမိပြန်သည်။

ဝေလင်းရဲ့ ဆိုင်ရှေ့ရောက်တာနဲ့ ရိပေါ်က ဆိုင်နာမည်ကို တစ်ချက်မော့ကြည့်ပြီး မျက်ခုံးပင့်၏။

{ HaHa }

"ငါလည်းမသိဘူး သူဘာလို့ အဲ့လိုပေးထားလဲဆိုတာ"

My Coffee Lover☕ (Completed)Where stories live. Discover now