ရှေ့ကနေ လှုပ်စိလှုပ်စိနဲ့ သွားနေတယ့်
ပါပါးနောက်သို့ သုလေးနဲ့ ဒယ်ဒီ
အမှီသာ လိုက်ခဲ့ရသည်။

................................................

"အွန်း အရမ်းစားကောင်းတာဘဲ
မောင့် ကိုကိုခွံ့တာ မွှစ်"

လွန်းသုထက် ထမင်းဝိုင်းမှာ
မောင်က ခွံ့ကျွေးမှစားမယ်ဆိုတာကြောင့်
ထမင်းကို လက်နဲ့နယ်ကာ
ခွံ့တော့ မောင်က အရင်နေ့တွေထက်
ထမင်းစားရုံတင်မကဘူး
ပါးလေးကိုပါ လာလာနမ်းတာကြောင့်
လွန်းမျက်နှာလေးရဲလာသည်။

"မောင် ထမင်းကိုသေချာစား
သားလဲ ရှိတာကို
ငြိမ်ငြိမ်နေစမ်း"

ရိုင်းဧကရာဇ် ရှေ့ကနေ ပုံ့ပုံ့လေးထိုင်နေကာ
ထမင်းခွံ့နေတယ့် ကိုကို့ကို
အသည်းယားတာကြောင့်
ပါးလေးကို တမွမွနမ်းတော့
စတော်ဘယ်ရီသီးလေးလို ဖြစ်လာတယ့်
ကိုကိုဟာ သွားကြားထဲက
လေသံလေးနဲ့ ဆူလာသည်။

ရိုင်း နှုတိခမ်းလေးဆူကာ ကောက်တော့
မျက်လုံးလေးဝိုင်းသွားတယ့်
ကိုကိုဟာ
အသည်းယားစရာ

"မောင်က ချစ်လို့နမ်းတာကို
ကိုကိုကအနမ်းမခံခြင်တော့လဲ
မောင် မနမ်းတော့ပါဘူး"

"ဟေ့ မောင်"

"သိပါတယ် သိပါတယ် ကိုကိုက
မောင့် နှုတ်ခမ်းတွေ ဆီပေနေလို့
အနမ်းမခံတာမလား
အင့် မောင် ဝမ်းနည်းတယ်
ဆီလေးပေနေတာကို အနမ်းမခံဘူး"

လွန်းသုထက် ထမင်းနယ်ထားတာကို
မောင့်ကိုခွံ့ဖို့ ဟန်ပြင်နေရင်း
ပြောလာတယ့် စကားကြောင့်
ပါးစပ်အဟောင်းသား
မောင် ငချွဲလေးဟာ
တစ်ယောက်တည်း ဘယ်လိုတောင်
Dramaခင်းနေတာလဲ။

"ခစ်ခစ်"

ရယ်သံကြားတော့
ကြည့်လိုက်တော့ ဂဏန်းကိုက်နေတယ့်
သားက သူ့ဒယ်ဒီကို
အသည်းယားသလိုကြည့်ကာ
ရယ်နေသည်။

" အဟမ်း သားအပေါ်တက်တော့မယ်ပါပါးမနက်ကျောင်းစတက်ရမှာဆိုတော့
စောစောအိပ်မလို့"

"တကယ် တောင်းပန်ပါတယ်သားရယ်
ပါပါးနဲ့ ဒယ်ဒီမနက်ဖြန်မအားလို့ပါ
တကယ်လို့သားစိတ်ထဲအဆင်မပြေရင်
ပါပါးကိုပြောနောိ
ပါပါးအချိန်ကို ရသလောက်ညှိပေးမယ်"

Simple{ပူတူးလေးများနှင့် ကျွန်တော်ချစ်ရသောမောင်}completeOn viuen les histories. Descobreix ara