RVTIACF Chapter-(3)

Start from the beginning
                                    

ချူတုံချီနဲ့ ဖန်ချင်းကတစ်ယောက်ကိုတစ်ယောက်ကြည့်မိသွားကာ မေးခဲ့သည်။

"သမီးဘယ်သူ့ကိုဖြုတ်စေချင်တာလဲ"

"ပိုင်လင်း" ပိုင်လင်းက ပိုင်ရွယ်ဝေရဲ့အမေပဲ။

"သူမကသမီးတို့အိမ်မှာနှစ်တွေအကြာကြီးအလုပ်လုပ်ခဲ့တာ။ ဒါပေမယ့် သူမအကြာကြီးလုပ်ခဲ့လို့ဘဲ သူမဘယ်သူဆိုတာနဲ့ သူ့အဆင့်ကိုမေ့သွားတာဖြစ်နိုင်ပါတယ်။ သူမကနည်းနည်းကျော်တတ်နေပြီ သူ့ကိုယ်သူချူမိသားစုရဲ့ သခင်တစ်ယောက်လို့ထင်နေမယ်ဆိုတာ သမီးယုံတယ်။သူမကိုအလုပ်ဖြုတ်ပြီး ဥပဒေအတိုင်းလျော်ကြေးပေးလိုက်ပါ။ ဒါပေမယ့်
တစ်ပြားတောင်အပိုမပေးပါနဲ့။"

သူမရဲ့တောင်းဆိုချက်ကိုကြားပြီး တစ်ခဏထိုစုံတွဲက ကြက်သေသေသွားတော့သည်။
ဖန်ချင်းက သတိပြန်ဝင်လာကာ...

" ပိုင်လင်းကတစ်ခြားအစေခံတွေရှေ့မှာ မာနကြီးတယ်ဆိုပေမယ့်အမေတို့ကိုအလုပ်လုပ်ပေးရင်တော့အမြဲတမ်း လေးလေးစားစားဆက်ဆံပါတယ်။ ရှောင်းရှောင်း၊ ယိချန်နဲ့ဖြစ်တဲ့ကိစ္စက ပိုင်လင်းနဲ့ပတ်သတ်နေလား?"

"အဲဒါ ​အမှန်ပဲ။ သူ့သမီးက သမီးကိုထိပ်တိုက်ဆန့်ကျင့်ဖို့ကြိုးစားနေတာ။ သမီးကိုချနင်းရုံတင်မဟုတ်ဘူး၊ သမီးရဲ့ခင်ပွန်းလောင်းကိုလည်းလုသွားသေးတယ်"

ဖန်ချင်းရဲ့မျက်နှာကရုတ်တရက်အတွေးနက်သွားပြီး ပြောခဲ့သည်။

"သူမဒီလိုဟာမျိုးကို ဘယ်လိုတောင်လုပ်ရဲတာလဲ။ ယိချန်ကလည်းတစ်ကယ်ကို ဆိုးတာပဲ။ ပြန်ရောက်တာနဲ့သူမကိုအလုပ်ဖြုတ်ပြီး အိမ်ကချက်ချင်းထွက်သွားအောင်လုပ်ရမယ်။"

ချူတုံချီမျက်မှောင်ကြုံ့ကာ ခေါင်းငြိမ့်လိုက်သည်။

"သမီးသာဆန္ဒရှိရင် ဒါကိုသမီးဖြေရှင်းလို့ရတယ်။ အိမ်ပြန်ရောက်တာနဲ့ကျောင်းကနေရက်
နည်းနည်းလောက်ခွင့်ယူလိုက်။ ဒါဆို သက်တောင့်သက်သာနားလို့ရပြီ။ တခြားသူတွေကိုဒေါသထွက်ပြီး သမီးကျန်းမားရေးကို ပိုဆိုးမသွားစေနဲ့၊ မတန်ဘူး။"

ရုတ်တရက် ဒီအချိန်အတောအတွင်းသူတို့သမီးဘယ်လောက်တောင်ခံစားနေခဲ့ရလဲဆိုတာကို ဒီစုံတွဲနားလည်သွားတော့သည်။

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now