RVTIACF Chapter-(3)

Start from the beginning
                                    

ချူရှောင်းကဖန်ချင်းရဲ့ပုခုံးပေါ် ခေါင်းမှီကာပြောသည်။

" သမီး အခုတလောမိုက်မဲခဲ့မိတယ် ဒါမဲ့ငယ်တုန်းမှာ ဘယ်သူကများအဲ့လိုအနှောင့်အယှက်တွေကို မဖြတ်ကျော်ဘဲနေမှာလဲ? သမီးအခုအဆင်ပြေပါတယ်။ ပြီးတော့ နောက်ထပ်ကိုယ့်ကိုကိုယ် မထိခိုက်စေရဘူးလို့လည်းကတိပေးတယ်။ သမီးကိုစိတ်ပူနေရအောင်လုပ်မိလို့ တောင်းပန်ပါတယ်။"

ဖန်ချင်းက သူမကိုအပြည့်အဝမယုံပေ။ ဒါကြောင့် စိတ်မချစွာမေးလာသည်။

"ပိုကောင်းလာပြီဆိုတာ သေချာလို့လားကွယ်?"

ချူရှောင်း ရိုးရိုးသားသားလေးခေါင်းငြိမ့်ကာပြောလိုက်၏။

"အခုပိုကောင်းသွားပြီဆိုတာ သေချာပါတယ်။ သမီးဆေးရုံမှာနိုးလာတုန်းက တစ်ကယ်ကြောက်သွားတာ။ သမီးအသက်ရှင်ဖို့နှစ်တွေက အကန့်အသတ်ရှိတယ်ဆိုတာ ဒီမတော်တဆမှုကသင်ပေးလိုက်တာပဲ။သမီးမတွေ့ကြုံရသေးတဲ့အရာတွေက အများကြီးရှိသေးတယ်၊ တစ်စုံတစ်ယောက်ကြောင့် ကိုယ့်ဘာသာထိခိုက်အောင်မလုပ်သင့်ဘူးလေ။"

သူမတည့်တည့်ထိုင်ပြီး သူမမိဘတွေကိုပြုံးပြလိုက်သည်။

"ဖေဖေ၊မေမေ သမီးအတွက်စိတ်မပူပါနဲ့၊ အနာဂတ်မှာသမီး သေချာပေါက်ပျော်ရွှင်ရမှာပါ။ တစ်ယောက်ယောက်ကသာသမီးဘဝကို ရှုပ်ထွေးအောင်လုပ်ဖို့ကြိုးစားရင် သူတို့ကိုနောက်ထပ်မပြုံးနိုင်အောင်လုပ်ပေးလိုက်မယ်။"

ချူရှောင်းရဲ့ငေါ့ထေ့ထေ့စကားက ချစ်စရာစုံတွဲကိုရယ်စေသည်။ သို့သော်သူတို့သမီး၏စကားသံအရ ယိချန်သူမကိုဝမ်းနည်းအောင်လုပ်လိုက်သည်ကိုတော့ သူတို့ပြောနိုင်သည်။

ချူတုံချီက အလေးအနက်မေးလိုက်သည်။

"ယိချန်ကသမီးကို မပျော်အောင်ဘာလုပ်လိုက်လဲ၊ အ​ဖေ့ကိုပြော။ သူ့အပေါ်ကိုဒေါ်သတွေဖွင့်ထုတ်နိုင်အောင် ကူညီပေးမယ်။"

ချူရှောင်း မျက်ခုံးပင့်ကာရယ်ခဲ့မိသည်။

"ဖေဖေသမီးကိုအထင်မသေးပါနဲ့။ သမီးကအသက်နှစ်ဆယ်ရှိပြီ။ ဒီတော့ သမီးမိဘတွေကိုလက်စားချေပေးဖို့ဘယ်လိုများတောင်းဆိုနိုင်ပါ့မလဲ။ ယိချန်ကိုသမီးဘာသာ ကိုင်တွယ်နိုင်ပါတယ်။ နောက်ဆုံးတော့သူလိုလူမျိုးကို ဖြေရှင်းရတာကလေးကစားသလောက်ပါပဲ။
ဒါပေမဲ့ ဖေဖေတို့နဲ့ဆွေးနွေးချင်တဲ့ ကိစ္စတစ်ခုရှိတယ်။ သမီးအိမ်ကလူတစ်ယောက်ကို
အလုပ်ဖြုတ်ပစ်ချင်တယ်။"

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now