💔40💔(Part2)

Start from the beginning
                                    

"ဘယ်နေရာလေးကို နမ်းပေးရမလဲ...."

"ဒီနေရာ...."

မီးတောင်လေးက လည်တိုင်တစ်နေရာကို
ထိုးပြကာ မောင့်ကို လမ်းညွှန်သည်။

"စကားမပြောတော့ဘူးလား ဒီလိုညမျိုးက
ဝိုင်လေးသောက်ပြီး အကြင်နာစကားတွေ
ပြောရတာ..."

"ဘာတွေများရှည်ရှည်ဝေးဝေးတွေပြောစရာရှိ
သေးလို့လဲ....မောင်နဲ့ကိုယ့်ကြားက
အရာအားလုံးက လိုအပ်တာတွေထက်
လွန်ကြူးနေတဲ့ဟာ..."

မောင်ကလည်တိုင်လေးတနေရာကို နှုတ်ခမ်းပါးလေး
ဖြင့်ဖွဖွလေးစုပ်ယူလိုက်သည်။
ဆိုင်သူလေး၏လက်ကလေးတွေသည်မောင့်
Shirt အကျီကိုယောင်ယမ်းဆွဲမိရက်သား..။
မောင့်လက်တွေသည် ခါးမှာမရှိတော့
အကာအကွယ်မရှိသောပေါင်တံလှလှလေးတွေဆီကို
ပြောင်းလဲလာခဲ့သည်။

"ဝမ်းနည်းနေသေးလား......"

"နည်းနည်း......."

"ဘာလို့ အဲ့လောက်လောဘတွေကြီးရတာလဲ
အချစ်ရယ်....ပိုက်ဆံကဘဝမှာအဲ့လောက်
အရေးပါလို့လား...."

ဆိုင်သူလေးက ယစ်မူးစွာအနမ်းခံနေရာမှ
ခဏလေးရပ်တန့်စေလိုတာကြောင့်လည်တိုင်
လေးကိုရှောင်ဖယ်တော့ မောင်ကဘာဖြစ်တာလဲ
ဟူသောမေးခွန်းမျက်လုံးတွေဖြင့်ကြည့်လာသည်။

"မောင့် အတွက်ပါ.....အရာအားလုံးမောင့်ကို
ပေးချင်လို့ ကြိုးစားနေခဲ့တာ....
ဒီလူဆိုးလေးဘဝမှာ မရလိုက်တဲ့ပစ္စည်းမျိုး
လက်လွှတ်လိုက်ရတဲ့အရာမျိုးတစ်ခုတောင်မရှိ
အောင် ပိုက်ဆံက အင်နဲ့အားနဲ့ရှာထားမှ....
မောင့် တစ်သက်လုံး ကိုပြည့်ပြည့်စုံစုံချမ်းချမ်းသာသာ
နေသွားစေချင်တာက 26နှစ်မှာ ParkJimin
မက်နေတဲ့တစ်ခုထဲသောအိမ်မက်ပဲ...."

"ကြင်နာမှု ဆိုတာဘာလဲ မေမေ လို့
ဒီလူဆိုးလေးမေးခဲ့ထဲက မောင်မရခဲ့တဲ့
မိဘမေတ္တာတွေ ကြင်နာမှုတွေ ကာကွယ်ပေးမှုတွေ
ချစ်လို့အလိုလိုက် အကြိုက်ဆောင်မှုလေးတွေကို
ParkJiminက အားလုံးဖြည့်စည်းပေးဖို့ကြံရွယ်ပြီးသား
ကိုယ့်အတွက် ရှာနေတဲ့ ပိုက်ဆံ တစ်ရွက်တောင်
မရှိပါဘူး....Jiminရေ..ဒါလေး ဆိုတာနဲ့
ဖြစ်စေသတည်းပဲဖြစ်ချင်တာ....အဲ့တာတွေ
မောင်နားလည်ရဲ့လား...."

မောင်Where stories live. Discover now