RVTIACF Chapter-(2)

Start from the beginning
                                    

သူမအရင်နေခဲ့တဲ့ကျင့်ကြံခြင်းလောကမှာ လူတစ်ယောက်က ကားနဲ့ဆင်တဲ့မှော်ပစ္စည်းတစ်ခုကိုအသုံးချဖို့ တိကျတဲ့အဆင့်တစ်ခုရောက်အောင် ကျင့်ကြံဖို့လိုတယ်။ ဒါမဲ့ဒီကမ္ဘာမှာတော့ လူတိုင်းကလိုင်စင်ရှိရင် ကားမောင်းလို့ရပြီ။ ကားမောင်းသင်ရတာက ကျင့်ကြံရတာထက်အများကြီးပိုလွယ်တယ်။

မိုင်တစ်ထောင်လောက်အသံပို့တာအတွက်လည်း ဒီလိုမျိုးပဲ။ အရင်ကမ္ဘာမှာဆိုရင် တစ်ယောက်နဲ့တစ်ယောက် အသံသတင်းစကားပါးနိုင်ဖို့ ကျင့်ကြံရတယ်။ ချူရှောင်းအံဆွဲထဲကဖုန်းကိုထုတ်ပြီး လော့ဖြေလိုက်သည်။ သူမ wechatထဲက အသံမက်ဆေ့ချ်တွေတစ်ခုပြီးတစ်ခုနားထောင်နေမိသည်။

ဒီကလူတွေက စကားပြောဖို့ရိုးရှင်းတဲ့လျှပ်စစ်ကိရိယာကို သုံးရုံပဲ။ ချူရှောင်း၏နှုတ်ခမ်းထောင့်များက ကျေနပ်သောအပြုံးတစ်ခုအဖြစ်ကွေးတတ်သွားတော့သည်။

ဒီကမ္ဘာကပျော်စရာကြီး။ ကြည့်ရတာ သူမရွေးချယ်မှုမှန်သွားတာပဲ။

ချူရှောင်းလက်ကိုမြှောက်ပြီး လေထဲမှာဝှေ့လိုက်သည်။

ရုတ်တရက် ဆဌဂံပုံမှန်တစ်ချပ်က မှော်ပညာအလားသူမရှေ့မှာ ပေါ်လာသည်။ ဒီမှန်ကရိုးစင်းပေမယ့်ကျော့ရှင်းနေဆဲ၊ ဒါကပုံမှန် ပန်ကန်လုံးတစ်လုံးစာလောက်ပဲကြီးပေမယ့် မှန်ရဲ့ပတ်ပတ်လည်မှာ လျို့ဝှက်ဆန်းကျယ်ပြီးရှေးဆန်တဲ့ အငွေ့အသက်တွေဖုံးလွမ်းနေသည်။

ဒါကတော့ ချူရှောင်းရဲ့မှော်ပစ္စည်း ကောင်းကင်နဲ့မြေကြီးကြေးမုံဖြစ်ပေသည်။သူမက
မှန်ကိုစိတ်နဲ့အမိန့်ပေးနိုင်သည်။ မိုးမြေကြေးမုံကတော့ သူမရဲ့လက်ရှိပုံရိပ်ကိုကောင်းကောင်းမွန်မွန်မြင်ရဖို့ အခုလက်ရှိကိုယ်ရဲ့အရပ်နှင့်အတူတူ ဖြစ်အောင်ကျယ်နေသည်။

ချူရှောင်းက သူမရဲ့ရေညှိလိုဆံပင်တွေကိုရှင်းလိုက်ပြီး ဖျော့တော့နေတဲ့မျက်နှာလေးကိုထိကြည့်လိုက်သည်။ အဲ့နောက်သူမ မကျေနပ်မှုနဲ့မျက်မှောင်ကြုံ့လိုက်ပြီး ပြောသည်။

"ဒီမိန်းကလေးက သူမကိုယ်သူမ မချစ်ဘူးပဲ၊ တခြားသူတွေကိုချစ်မှာထက် ကိုယ့်ကိုကိုယ်ချစ်တာ ပိုမကောင်းဘူးလား?"

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now