☻ᴍʏ ʜᴀᴘᴘɪɴᴇss☻

Start from the beginning
                                    

ထိုအချိန်လှုပ်လှုပ်ရွရွဖြစ်လာသော taehyung ။ မျက်လုံးတွေကို လက်သေးသေးလေးတွေနဲ့ ပွတ်ကာ သန်းဝေနေသည်။ နောက်တော့ သူမမြင်ဖူးတဲ့ ပတ်ဝန်းကျင်ကို မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့
စူးစမ်းကြည့်လိုက်တော့ သူ့ဘေးက jungkook ကိုတွေ့သွားသည်။

- ဦးဦး သားဘယ်ရောက်နေတာလဲ။

- မင်းကိုငါ မွေးစားဖို့ခေါ်လာတာ။ အခုချိန်ကစပြီး ငါကမင်းအဖေဖြစ်သွားပြီ။

- သား daddy နဲ့ mommy ကဘယ်သွားလို့ ဦးကသားကိုမွေးစားတာလဲ။

- သူတို့ကမင်းကို ငါ့ဆီမှာထားခဲ့တာ သိပြီလား။

- ဟင့် မရပါဘူး သားက daddy နဲ့ mommy စီမှာပဲနေချင်တာ

ရုတ်တစ်ရက် နှုတ်ခမ်းလေးမဲ့ကာ မျက်ရည်တွေ ဘူးသီးလုံးလောက်ကျပြီ ထငိုတဲ့ taehyung ကြောင့် jungkook မှာခေါင်းမီးတောက်သွားရသည်။
တကယ်ပါပဲကွာ။ သူက ကလေးမချော့တတ်ပါဘူးစို။

- ဟေ့ ဟေ့ မငိုနဲ့တော့။ မင်းမိဘတွေက ပြန်လာတော့မှာမဟုတ်ဘူး။

- ဗြဲ မရဘူး ခေါ်ပေး ဟင့် ဗြဲ သားရဲ့ daddy နဲ့ mommy ကိုခေါ်ပေးပါ ဗြဲ

- တောက်စ် ဒီကလေးနဲ့တော့။

တစ်သက်လုံးလူပျိုကြီးလုပ်လာတဲ့ jungkook မှာ သူ့အရှေ့မှာ အာပြဲနဲ့ ငိုနေတဲ့ taehyung ကြောင့်
ငိုချင်စိတ်တွေတောင်ပေါက်လာသည်။
တစ်သက်လုံး ကလေးမယူဘူးဟု ကြိမ်းဝါးပြီးမှ ကလေးတစ်ယောက်မွေးစားလိုက်ရတော့ သူ့မှာ
ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေသည်။

- ဗြဲ ခေါ်ပေး daddy ရေ ဟင့် mommy ရေ ဗြဲ ထယ်ထယ့်ကို လာခေါ်ပါတော့ ဟင့်ဗြဲ

- ဟူး မငိုပါနဲ့တော့ကွာ။ မင်းအမေနဲ့ အဖေ ခရီးသွားတုန်းငါက ခနမွေးစားထားတာပါ။

- ဟင့် အ့စို သားကို mommy နဲ့ daddy ကခနနေလာခေါ်မှာလား။

- အင်း ဟုတ်တယ်။ တစ်ရက်ကျရင်တော့ လာခေါ်မှာပေါ့။

- တစ်ရက်ကျရင်စိုတော့ ကြာဦးမှာလား။

- နည်းနည်းတော့ကြာဦးမယ်။ ဒါမဲ့ သူတို့က မေ့ပြီးနေလိုက်ရင် အချိန်ကုန်တာမြန်ပါတယ်ကွာ နော်။

Dark collection ✔︎Where stories live. Discover now