♡ I Miss U♡

57.6K 1.3K 309
                                    

𝚄𝚗𝚒𝚌𝚘𝚍𝚎

(⚠️Warning ⚠️ - ရိုင်းစိုင်းသော အသုံးအနှုန်းများပါတဲ့အတွက်အဆင်ပြေမှဖတ်ပါ။)

- ကဲ Sam ပြောတာနားလည်လား။ ဒီဖက်က လိုင်းခန ထစ်သွားတယ်ထင်တယ်။ အကုန်နားလည်လိုက် ကြလား။

- ဟုတ်နားလည်ပါတယ် Sam။

အခန်း တစ်ခု၏ laptop ဖန်သားပြင်ပေါ်တင် မြင်နေရသော ဆရာမနဲ့ ကျောင်းသားအချို့။ COVID-19 ကောင်းမှုကြောင့် အိမ်မှာနေ၍သာ zoom ကနေ
တစ်ဆင့် စာသင်ယူနေကြရသည်။

အခုလည်း taehyung တစ်ယောက် အပျင်းကြီးစွဲ ကုတင် ပေါ်မှာသာထိုင်ပြီး စားပွဲခုံကို အနားစွဲကာ မေးထောက်ရင်း စာသင်နေသည်။ ဖန်သားပြင် ပေါ်မှာမြင်နေရတဲ့ ဆရာမကိုလည်း အားနာမိပေ
မယ့် စာတွေပျင်းဖို့ကောင်းလွန်းသည်။ ပျင်းဖို့
ကောင်းစွာ အိမ်မှာပဲ နေရသည့်အပြင် ပျင်းစရာ စာတွေကိုပါ သင်နေရသည်။ အပြင်ဘာလေးထွက် ရရင်လည်းတော်သေး။ စောက် COVID။

နေ့လည် ၂:၃၀ ထဲကသင်နေတာ အခုစို ၄:၀၀
တောင်ထိုးတော့မည်။ ပျင်းဖို့ကောင်းလိုက်တာ။
ဒီပျင်းစရာ​ကောင်းတဲ့စာတွေကို ၁:၃၀ တိတိ ထိုင်ပြီးသင်နေရတာ မလွန်လွန်းဘူးလား။ ပိုစိုးတာက
နောက်ထပ် ၁:၃၀ ထပ်သင်ရဦးမည်။ စိတ်ပျက်
လိုက်တာ။

ဆူဆူပုပ်ပုပ်လေးနဲ့ မေးထောက်ကာ စာသင်နေသော taehyung လေးကို အတန်းထဲက အတန်းဖော်များက အူယားနေကြသည်။ ဆရာမစာသင်တာကို နားမထောင်ပဲ taehyung လေးကိုသာချောင်းနေကြသော ထိုတစ်သိုက်။ taehyung ကကျောင်းမှာစို ရုပ်လေးလှကာ စိတ်ထားလေးကအစ ကောင်းပြီး ချစ်စရာအပြုအမူလေးတွေနဲ့မို့ ကျောင်းသူများသာမက ကျောင်းသားများပါ ကြိုက်ကြသည်။ ဒီတိုင်းသာစို သင်တန်းမတက်ပဲနေလိုက်မည်စိုပေမယ့် taehyung ပါတက်သည်ဟု သတင်းရထားတာမို့ မျက်နှာလေးမြင်ရရင်ကိုကျေနပ်ပါပြီ စိုတဲ့ဟာတွေက လာတက်ကြခြင်းဖြစ်သည်။

နာရီတကြည့်ကြည့်နဲ့သာ စာကိုပျင်းရိစွာသင်နေတဲ့ taehyung ။ သို့သော် အချိန်က ၄:၁၅ သာရှိသေး
သည်။ ၅နာရီ မြန်မြန်ခွဲပါတော့။ တကယ်ပဲကြာ
လိုက်တာ။ အားကြိုးမာန်တက် ဆရာမက စာရှင်းပြနေပေမယ့် သူမတပည့်တွေကတော့လုပ်ချင်တာ
လုပ်နေကြသည်။ စာမေးရင်လည်း လိုင်းမကောင်းလို့ဆရာမစိုပြီး ထွက်ထွက်သွားကြသည်။
( ကိုယ်တွေရဲ့ အကွက်။ )

Dark collection ✔︎Where stories live. Discover now