"ဘယ်လိုမှ လုပ်စရာမလိုဘူး..ကိုယ်တို့ပါလိုက်သွားလို့ရတယ်...။မဟုတ်လဲ လုပ်ငန်းက တစ်နေရာတည်းအခြေတည်ပြီးတော့ လုပ်နေစရာမှမလိုတော့တာ..."
ပြောရင်းနှင့် ရေစိုနေသည့်ခေါင်းကို စိတ်မပါလက္မပါသုတ်နေသောကြောင့် သူမက ဆွဲခေါ်ကာထိုင်ခိုင်းလိုက်ပြီး သေချာအခြောက်ခံပေးရသည်။
"ကို..."
"အွန်း..."
"တကယ်လို့ ကလေးတွေသာစိတ်ဆန္ဒရှိရင် Your Dream in Kalaw ကိုဆက်ခံဖို့ နိုရာ့ကို ဘယ်အရွယ်လောက်လို့မှန်းထားလဲ...။ပြီးတော့ ကို့နေရာကို နေသန်ဆက်ခံဖို့ဆိုရင်ရော ဘယ်အချိန်လောက်လို့တွေးထားလဲ..."
"နိုရာ့လိုတက်ကြွပုံမျိုးနဲ့ဆို သူပညာစုံတဲ့အချိန် ဘွဲ့ရပြီးပြီးချင်းပဲ...။သားကတော့ အချိန်တန်တာနဲ့ သေချာပေါက် ကိုယ့်နေရာကိုယူနိုင်မှာပဲ...။သူ့ကိုယ်သူပိုင်နိုင်ပြီလို့ သတ်မှတ်တဲ့အချိန်ပေါ့..။ပြောရရင် သားနေရာကကျတော့ အရည်အချင်းတစ်ခုတည်းရှိနေရုံနဲ့ မရဘူးလေ...။သူဆည်းပူးရမဲ့အတွေ့အကြုံတွေ၊နေရာနဲ့လိုက်ဖက်အောင်တွေးတတ်တဲ့ အသက်အရွယ်ဆိုတာတွေက လိုသေးတယ်...။ကိုယ့်တုန်းကထက်တော့ စောမှာပါ...။ပြီးတော့ ကိုယ့်ထက်လဲအများကြီးသာမှာ..။သားကို ကိုယ်ယုံတယ်..."
"ပညာစုံတဲ့အချိန်လဲ သမီးကို တရားဝင်မပေးနိုင်သေးဘူး...။ဝန်ထမ်းပဲအရင်လုပ်ခိုင်းမှာ...။ဘယ်လောက်ပဲထက္မြက်နေနေ တော်နေနေ ဝန်ထမ်းဘဝမှာနေခဲ့ဖူးမှ ဝန်ထမ်းတွေရဲ့သဘောကို နားလည်နိုင်မှာ..၊စာနာနိုင်မှာ..၊ထိန်းချုပ်နိုင်မှာ..။သားကိုလဲ အဲ့လိုပဲ...။အသက်ငယ်သေးလို့ဆိုပြီးတော့ အထင်သေးတာတွေ၊ပညာပြတာတွေ မခံရစေချင်ဘူး...။ဒါပေမဲ့ သားကိုတော့ အခုကတည်းကိုက ချစ်ကြပါတယ်...။မြန်မြန်ဆက်ခံခိုင်းဆိုတာပဲပြောနေကြတာ...။ကို့ကိုမမြင်ချင်ကြတော့ဘူးထင်တယ် ဟင်းဟင်း..."
"သားက ကိုယ့်ထက်စာရင် သဘောကောင်းတယ်လေ...။သူတို့ပြောသမျှ လက်သင့်ခံမယ်လို့ ထင်နေကြမှာပေါ့..။တကယ်တမ်း မဟုတ်တာတွေ့ရင် သူ့လမ်းကြောင်းနဲ့သူ မြေလှန်ပစ်မဲ့လူမျိုးဆိုတာ သူတို့မသိကြဘူး..."
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေး...
