Chapter 99- ပြဿနာရှာတဲ့ သူဆင်းရဲ

Start from the beginning
                                    

( YinZi သားရောက်လာပြီလား?)

BaiLuoYin ခေါင်းညိတ်ပလြိုက်ပြီး၊ မီးဖိုချောင်းထဲထိ သူလျှောက်လာတော့၊ မီဖိုချောင်အတွင်းမှာ စားဖိုမှူးတွေ အများကြီးအလုပ်ကိုယ်စီနဲ့ အသီးသီး အလုပ်ရှုပ်နေကတြယ်။ အခုတော့ အန်တီZhouရဲ့ဆိုင်လေးက မနက်စာတင် ရောင်းတာမဟုတ်တော့။ နေ့လည်စာ ညစာတွေပါ ရောင်းနေပါပြီ။ တွန်းလှည်းဆိုင်မဟုတ်တော့တဲ့အပြင် စားတော်ဆက် အသေးလေးနဲ့တောင် တူနေပါတော့တယ်။ အကြောင်းရင်းကတော့ ဈေးလည်း ချိုတယ်။ သန့်ရှင်းသပ်ရပ်တယ်။ ပြီးတော့ အရသာလည်း ကောင်းတယ်။ ဒီတော့ နေ့စဉ်နေ့တိုင်း စားသောက်သူအပြည့်နဲ့ စည်းကားလို့နေတယ်။ ထိုင်ခုံနေရာမရတဲ့ အချို့လူတွေကတော့ အိမ်ကို ပါဆယ်ဆွဲသွားတတ်ကတြယ်။

BaiLuoYin ဆိုင်ကိုလာတိုင်း အန်တီZhouက မီးဖိုချောင်ထဲဝင်ပြီး ကိုယ်တိုင်ကိုယ်ကျ ချက်ကျွေးနေကျ။

( အန်တီZhou အဲ့လိုလုပ်ဖို့ မလိုဘူးရယ်။ ကျွန်တော်က ဘာဖြစ်ဖြစ်စားတယ်)

အန်တီZhouက ခေါင်းခါပြပြီး ( ဒုက္ခမများပါဘူးကွယ်)

သူမပြောနေတုန်း၊ အပြင်ကနေ ဧည့်သည်တစ်ယောက်က အသံကျယ်ကြီးနဲ့ လှမ်းအော်တယ်။ ( ငါ့ကို အမဲသားခေါက်ဆွဲပြုတ် တစ်ပွဲထပ်ပေးဟေ့)

အန်တီZhouရဲ့မျက်လုံးအရောင် ပြောင်းသွားတယ်။ သူ့မျက်လုံးမှာ စိတ်ဆင်းရဲနေတဲ့ အရိပ်အယောင်တွေ ရှိနေသလိုပဲ။ ဒါပေမယ့် BaiLuoYin သိသွားမှာစိုးတာနဲ့၊ သူမဟာ မီးဖိုချောင်က စားဖိုမှူးတစ်ယောက်ကို ထိုဧည်သည်မှာတဲ့ ဟင်းပွဲ သွားချပေးဖို့ အချက်ပလြိုက်တယ်။

ခိုင်းခံရတဲ့ စားဖိုမှူးဟာ မလုပ်ချင်ဘူး။ ( ဒီလူ ပိုက်ဆံမပေးဘဲ မှာစားနေတာ ဘယ်နှစ်ရက်တောင်ရှိပြီလဲ?)

ဒီစကားကို BaiLuoYinကြားတော့ အံ့သမြိတယ်။ ( အန်တီZhou အဲ့ဒီလူက ပိုက်ဆံမပေးဘဲ လာစားနေတာလား?)

( သူ့ကို စိတ်ထဲထားမနေနဲ့) အန်တီZhouက BaiLuoYinရဲ့လက်မောင်းကို ကိုင်ထားလျက် ( ရပါတယ် သူတစ်ယောက်တည်း ပြောသလောက်လည်း မစားနိုင်ပါဘူး။ လာလာ ဒီမှာထိုင်နေ။ မင်းအတွက် အန်တီချက်ပြီးပြီ)

Are you addicted?Book-1 (Myanmar Translation )Where stories live. Discover now