Chapter 100- ဝမ်းကိုအစ်ကိုနဲ့ မိတ်ဆက်ပေးခြင်း

1.5K 166 6
                                    

Chapter 100- ဝမ်းကိုအစ်ကိုနဲ့ မိတ်ဆက်ပေးခြင်း

BaiLuoYin ကားပေါ်ကို ထိုင်ရုံထိုင်လိုက်လာတယ်။ GuHaiက မေးလိုက်တယ်။ ( ဒီနေ့ အစောပိုုင်းက မင်း ဘာတွေလုပ်နေခဲ့လဲ?)

( အော် ငါ အန်တီZhoရဲ့ဆိုင်တင် သွားခဲ့တာ) BaiLuoYinက အရေးမစိုက်ဟန်နဲ့ ဖေလြိုက်တယ်။

BaiLuoYin စိတ်မှာ တခုခုဖြစ်နေမှန်း GuHaiရိပ်မိတယ်။ သူ ဒီမနက်တင် အကောင်းကြီးပါ။ ဘယ်လိုလုပ်ပြီး သူပြန်လာတဲ့အချိန်ကျမှ စိတ်မကြည်တော့တာလဲ? ငါ့မိန်းမကို စိတ်မကောင်းဖြစ်အောင်လုပ်တာ ဘယ်သူဖြစ်မလဲ?

GuHaiဟာ လက်ဆန့်ထုတ်ပြီး BaiLuoYinရဲ့မျက်စိရှေ့မှာ ဖုံးနေတဲ့ ဆံမျှင်အချို့ကို သပ်ပေးရင်း ညင်ညင်သာသာလေး မေးလိုက်တာက ( ဘာတွေဖြစ်?)

( ဘာမှမဖြစ်ဘူး။ သွားကစြို့လေ)

GuHaiက ကားစက်နှိုးလို်က်ပြီး BaiLuoYinဆီ ဘူးတစ်ဘူး လှမ်းပေးတယ်။

( ဘာကြီးလဲ?) BaiLuoYin မေးတယ်။

GuHaiဟာ လမ်းကြားကျဉ်းကျဉ်းလေးထဲမှာ အင်တိုက်အားတိုက်နဲ့ ကားဘတ်ဆုတ်နေရလို့ BaiLuoYinရဲ့ မေးခွန်းကိုပြန်မဖေနြိုင်ဘူး။ အဲ့ဒါနဲ့ BaiLuoYinက ပါကင်ဘူးကို ကြည့်လိုက်တဲ့အခါ ဖုန်းတစ်လုံးဖြစ်နေတယ်။

( ငါ့ကို ဘာလုပ်ဖို့ ဖုန်းဝယ်ပေးရတာလဲ?) BaiLuoYinက GuHaiကိုထပ်မေးပြန်တယ်။ ( လိုမှမလိုအပ်တာ။ အခြားတစ်ယောက်ကို ပေးလိုက်)

( မင်းက ဘယ်လိုလုပ် မလိုအပ်ပဲ နေမလဲ? ဒီမနက်ဆို ငါမင်းကို ဆက်သွယ်လို့မရဘူးလေ)

BaiLuoYinက ခရီသည်ထိုင်ခုံပေါ်မှာ နောက်မှီထိုင်လိုက်ပြီး မျက်လုံးမှိတ်ထားလိုက်တယ်။ သူ့အသံဟာ ပင်ပန်းနွမ်းလျပြီး လေးတွဲတွဲဖြစ်နေတယ်)

( မင်း ပိုက်ဆံပြန်ရှိနေပြီပေါ့?)

( ငါ့မှာ ပိုက်ဆံမရှိပါဘူး)

BaiLuoYin မျက်လုံးပွင့်လာပြီး ( မင်း ပိုက်ဆံမရှိဘူးလည်း ပြောသေးတယ်.. ဒါတောင် မင်းက ဒါကိုဝယ်လာသေးတာလား?)

( ငါ့ရဲ့ဓနနတ်ဘုရား ပြန်လာပြီလေ၊ ပေါက်ပြီနော်?) GuHai ဆိုလိုတာ သူ့ရဲ့ဝမ်းကွဲအစ်ကိုကိုပါ။

Are you addicted?Book-1 (Myanmar Translation )Where stories live. Discover now