Chapter 59- မျက်တော်ပြေ!

1.6K 205 2
                                    

ကျောင်းဆင်းတော့ BaiLuoYinဟာ ခါတိုင်းနဲ့မတူ အိမ်ပြန်ဖော်ဆိုတဲ့လူ မရှိတဲ့အချိုးနဲ့ GuHaiကို မစောင့်ဘဲ အတန်းထဲက တန်းထွက်လာခဲ့တယ်။ သူ့ခေလြှမ်းတွေကို ပုံမှန်အတိုင်း ခပ်သွက်သွက် လျှောက်ကာ နောက်ပြန်လှည့်မကြည့်ဘဲ အောက်ထပ််ကို ဆင်းလာလိုက်တယ်။
GuHaiကတော့ သူ့ကိုယ်ပိုင် စက်ဘီးနဲ့ BaiLuoYinနောက်က ခပ်နှေးနှေး လိုက်နေတယ်။
လမ်းမှာ တံမြက်စည်းလှည်းနေတဲ့ အဒေါ်ကြီးက BaiLuoYinကို မြင်တော့ လုပ်လက်စအလုပ်ကို ရပ်ပြီး ပြုံးပတြယ်။
( အရင်ရက်တွေတုန်းက ငါ့တူ စက်ဘီးနင်းသွားတာ ဒေါ်ကြီး မှတ်မိပါတယ်။ ဒီနေ့မှ ဘယ်လိုဖြစ်ပြီး လမ်းလျှောက်နေရတာတုန်း?)
BaiLuoYin အတင်းလုပ်ပြုံးလျက် ( ကျွန်တော့် စက်ဘီး ပျက်သွားလို့၊ ကိုယ်လက်လှုပ်ရှား နဲနဲဖြစ်အောင် လမ်းလျှောက်လိုက်တာ)
ဒီအမျိုးသမီးကြီး အခုလောက် မျက်စိလည်းလျင်၊ မှတ်ဉာဏ်စွမ်းအားလည်း ကောင်းလိမ့်မယ်လို့ BaiLuoYin မထင်မိဘူး။ အခုလို ပြောရတဲ့အကြောင်းကတော့၊ သူ့စကားဆုံးဆုံးချင်းပဲ အဲ့ဒီအဒေါ်ကြီးက သူ့နောက်ကို လက်ညှိုးထိုးပလြျက် ( မင်းစက်ဘီးက ပျက်လည်းပျက်ဘဲနဲ့။ ဟိုကောင်လေး စီးလာတာ မင်းစက်ဘီး မဟုတ်ဘူးလား?)
BaiLuoYin နောက်လှည့်မကြည့်။ သူ့ ဘယ်ဖက်ပါးတခြမ်းက ဖျင်းခနဲ နာလာလို့။
( အဒေါ်ကြီး အမြင်မှားတာပါဗျ။ အဲ့ဒါ ကျွန်တော့် စက်ဘီးမှ မဟုတ်တာ)
( မဖြစ်နိုင်တာ) ထို ကြီးတော်ကြီးက လွတ်လွတ်လပ်လပ် ပြုံးရင်း ( စက်ဘီးကို အသာထား၊ စီးလာတဲ့ အဲ့ဒီကောင်လေးက မင်းကို နေ့တိုင်း အပို့အကြိုလုပ်ပေးနေတဲ့ ကောင်လေးပဲ မဟုတ်လားလို့။ အဒေါ်ကြီး မမှားပါဘူးကွယ်)
အဲ့ဒီတော့မှ BaiLuoYin နောက်လှည့်ကြည့်တော့ GuHai ဖြစ်နေတယ်။
GuHaiဟာ တမင်သက်သက် အကညြ့်လွှဲမသွားဘဲ၊ အကြောမာတဲ့ မျက်နှာထားကို ဆောင်ထားတယ်။
( ဟယ်တော့၊ မင်းမျက်နှာ ဘာဖြစ်ထားတာလဲ?)
BaiLuoYin မျက်နှာလှည့်လိုက်တဲ့အချိန်၊ သူ့မျက်နှာ ဘယ်ဖက်အခြမ်းကို အဒေါ်ကြီး မြင်သွားတယ်။
( ထွေထွေထူးထူး မဟုတ်ပါဘူးဗျ။ အဒေါ်လည်း အလုပ်များနေတာ၊ ကျွန်တော်သွားတော့မယ်နော်)
------------------
ခရီးတဝက်ကျိုးတော့၊ BaiLuoYinရဲ့ဘယ်ဖက်ခြေထောက်က ထုံနာကျင်နာ ဖြစ်နေတယ်ဆိုတာကို GuHai သတိထားမိတယ်။ BaiLuoYin လမ်းလျှောက်လေလေ နာကျင်မှုက ပိုဆိုးလာလေလေပဲ။ အထူးသဖြင့် သူ လူတွေကြားထဲ တိုးဝှေ့ပြီး လမ်းပြေးကူးတဲ့အခါဆို သိပ်သိသာလွန်းတယ်။ သူ့ခြေထောက်က သိသိသာသာကြီး ထော့နေတာ။
GuHai ခေါင်းမာမာနဲ့ ရင်ထဲမှာ တင်းထားသမျှတွေကို နောက်ဆုံးတော့ သူလျှော့ချလိုက်ပါပြီ။
သူ BaiLuoYinရဲ့ရှေ့ရောက်တဲ့အထိ စက်ဘီးကို အားအင်၂ဆနဲ့ အမြန်နင်းသွားလိုက်တယ်။ နောက် သူ ဆတ်ခနဲ စက်ဘီးကို လမ်းမဘေးမှာ ထိုးရပ်ပစ်လိုက်တယ်။
( မင်း ဒါ ဘာလုပ်တာတုန်း?) BaiLuoYin မျက်မှောင်ကြုတ်လျက် မေးခွန်းထုတ်တယ်။
GuHai ဆောင့်ကြောင့်ထိုင်ချကာ ဘာမပြောညာမပြောနဲ့ BaiLuoYinရဲ့ ဘယ်ဖက်ခြေထောက်ဘောင်းဘီကို မ,တင်လိုက်တယ်။
်ဘ်ဘBaiLuoYinရဲ့ ခြေထောက်မှာ နီရဲပြီး ဘေးသားတွေ ညိုမဲနေတဲ့ အကွက်အကြီးကြီး ရှိနေတယ်။ သွေးတွေက ခြောက်တောင်နေပြီ။ သူ့ခြေထောက် အသားနီလန်နေတာ အသိသာကြီးပဲ။
GuHai မတ်တပ်ပြန်ရပ်ပြီး စက်ဘီးကို ကိုင်ကာ အသံမာမာနဲ့ အမိန့်ပေးလိုက်တယ်။
( တက်စမ်း!)
BaiLuoYinက မကြားချင်ယောင်ဆောင်ပြီး GuHai ဘေးက သွေးအေးအေးနဲ့ဖြတ်လျှောက်သွားတယ်။
GuHaiက လျင်မြန်တဲ့ လှုပ်ရှားပုံနဲ့ BaiLuoYinကို ဆွဲခေါ်လိုက်ပေမယ့်၊ သူ အားထည့်တာ များသွားတယ်နဲ့တူရဲ့။ BaiLuoYin မြေပြင်ပေါ် လဲကျသွားတော့တယ်။
( မင်း ဘယ်လို သေနာအလုပ်တွေ လာလုပ်နေတာတုန်း?) BaiLuoYin ဒေါသထွက်နေပြီ။
( စက်ဘီးပေါ်တက်လို့ မင်းကို ငါပြောသားပဲ! )GuHai အာဗြဲကြီးနဲ့ အော်ပြောတယ်။
နှစ်ယောက်သား စက္ကန့်အနည်းငယ်လောက် သဘောထား ညှိနှိုင်းမရဘဲ နှစ်ယောက်စလုံး စကားမပြောဘဲ နေကတြယ်။ BaiLuoYinမျက်လုံးတွေဟာ ဒေါသမီးရောင် ဝင်းလက်နေပေမယ့်၊ နောက်ဆုံးတော့ သူ စိတ်ပေသြွားခဲ့တယ်။
BaiLuoYinတို့ အိမ်ပေါက်ရောက်တဲ့အထိ ခရီးလမ်းတလျှောက်လုံး နှုတ်ဆိတ်လာကတြယ်။ BaiLuoYinက အိမ်ထဲကို ဝင်သွားပေမယ့်၊ Guhaiကတော့ စက်ဘီးပေါ်ကနေ ဆင်းလိုက်တယ်။
အစက BaiLuoYin တွေးတာ GuHai ကတ်သီးကတ်ဖဲ့လုပ်ပြီး သူ့နောက်ကို လိုက်လာလိမ့်မယ်ပေါ့။ ဒါပေမယ့် GuHai အိမ်ထဲမဝင်လာဘူး ဆိုတာတော့ သူ ထင်ကိုမထင်ထားမိတာပါ။
---------------------
(အဖေ ကျွန်တော် အိမ်ပြန်ရောက်ပြီ။)
BaiHanQiတစ်ယောက် သူ့သားမျက်နှာကို မြင်လိုက်တဲ့ တခဏ ပူပန်မှုတွေကြောင့် လက်ထဲမှာကိုင်ထားတဲ့ ပန်းကန်တောင် လွတ်ကျကွဲတော့မလို ဖြစ်သွားတယ်။
( သား မင်းမျက်နှာ ဘယ်လိုဖြစ်ပြီး ဒဏ်ရာတွေ ဗလဗွဖြစ်လာတာလဲ?)
BaiLuoYinက ဘာမှ ဆိုးဆိုးဝါးဝါး မဖြစ်သလို လေသံအေးအေးနဲ့ ပြန်ဖြေပြီး၊ မျက်နှာတည်တည်နဲ့ အိမ်ထဲ ဝင်လာလိုက်တယ်။
BaiHanQi သူ့သားနောက်ကို လိုက်သွားတယ်။
အဖြစ်အပျက် အလုံးစုံကို သေသေချာချာ ရှင်းပလြိုက်တော့မှ BaiHanQi ကျနေပ်သွားတာ။ နောက် သူ မိုးပြဲဒယ်အိုးနဲ့ အရွက်ကြော်ထားခဲ့တာကို ဖျက်ခနဲ သတိရလို့ BaiHanQi ခပ်သုတ်သုတ် ပြေးထွက်သွားတော့တယ်။
BaiLuoYin တစ်ယောက်တည်း အခန်းထဲမှာ မတ်တပ်ရပ်လျက်၊ စိတ်ထဲ မတင်မကျဖြစ်နေတယ်။ သူ တွေးလေလေ ပိုပြီးပိုပြီး စိတ်ထဲ နေလို့မကောင်းဖြစ်လာတယ်။ GuHai ဘာဖြစ်သွားတာလဲ? မဖြစ်စလောက်လေး သူ့ဂုဏ်သိက္ခာစော်ကားခံရတာပါ မဟုတ်ဘူးလား? ဒါကို သူက ဘာကိစ္စ ကလေးလေးလို ဂျီကျပြီး ဝုန်းဒိုင်းကြဲနေရတာတုန်း? သူ ငါ့အိမ်ထဲကို မဝင်ချင်လည်း နေပေါ့၊ သူ့သဘောပဲ။ ဘာပဲဖြစ်ဖြစ် သူ့မှာ ငွေတွေ ပေါတာပဲ... ငတ်မသေနိုင်ပါဘူး!)
( YinZi ထမင်းစားမယ် ထွက်ခဲ့တော့) BaiHanQiက အပြင်က လှမ်းအော်ပြီး ခေါ်တယ်။
BaiLuoYin ပြန်ဖေလြိုက်တာက ( ကျွန်တော် မဆာသေးဘူး။ ကျွန်တော့်မစောင့်နဲ့!)
BanHanQi အခန်းထဲ ဝင်လာပြီး ( မင်းက ဘာလို့ ထမင်းမဆာသေးတာလဲ? DaHaiရော? သူ မင်းနဲ့အတူ ပြန်လာတာ မဟုတ်ဘူးလား?)
( သူ သေသွားပြီ!)
( သူ သေသွားပြီ ဟုတ်လား?) BaiHanQiရဲ့မျက်နှာ ဖြူဖျော့သွားပြီး ( သူ ဘယ်လိုလုပ် သေဦးမှာလဲ?)
( တော်ပါတော့ အဖေရာ၊ ကျွန်တော့်ကို မနှောက်ယှက်ပါနဲ့တော့။ ကိုယ့်ထမင်းကိုယ်သာ သွားစားစမ်းပါ....) BaiLuoYinက သူ့အဖေကို အခန်းထဲက တွန်းထုတ်လို်က်ရတယ်။
BaiLuoYin လက်ပ်တော့ ဖွင့်ပြီး ခဏပဲ သုံးကာရှိသေးတယ်။ အပြင်ဖက်ကနေ ကြားဖူးနေကျ ရင်းနှီးနေတဲ့ အသံကို ကြားရတယ်။
( ဦးလေး၊ ဒီနေ့ ဘာဟင်းချက်လဲ? ကျွန်တော့်ကို စောင့်ပါဦးဗျ)
BaiHanQiက အတည်ပေါက် လေသံနဲ့ ( ငါ့သား YinZi ပြောတော့ မင်းသေပြီဆို)
GuHai (.)
BaiLuoYin ဝုန်းဝုန်းဒိုင်းဒိုင်းနဲ့ ထွက်လာတာ၊ ခြေထောက်ကနေ မီးပွင့်လုမတတ်ပဲ။
( မင်းကို ဘယ်သူက ပေးဝင်လို့လဲ? မင်းပဲ ငါ့ကို မခေါ်နိုင် မပြောနိုင်တွေဖြစ်နေတာ မဟုတ်ဘူးလား?)
ဆိုးညစ်ညစ် အပြုံးတခု GuHaiမျက်နှာမှာ ပေါ်လာပြီ။ ( မင်းကိုငါ မခေါ်နိုင် မပြောနိုင် ဖြစ်နေတာ မဟုတ်ပါဘူးကွ! မင်းသာ ထင်ချင်ရာထင်နေတာ။ အခု ငါ ဒီကိုလာတာ ဦးလေးနဲ့ အဘိုးအဘွားတွေကို လာတွေ့တာ။ ဘာလဲ မရဘူးလား။ အဘွားရော?))
( ရှိပါ့..ရှိပါ့)
ဘွားဘွားဘိုင် တစ်ယောက်ကတော့ ဘယ်သူက သူ့မြေးအရင်းလည်း ဆိုတာကို ခွဲခြားသိနိုင်ဟန် မတူဘူး။
BaiLuoYin ခပ်မြန်မြန်ပဲ အခန်းထဲ ပြန်ဝင်သွားတော့၊ သူ့နှုတ်ခမ်းထောင့်မှာ ကွေးညွှတ်သွားတဲ့ အပြုံးကို သူ မဖုံးဖိနိုင်ခဲ့ဘူး။
GuHaiလည်း သူ့နောက်က လိုက်ဝင်သွားပြီး၊ BaiLuoYinရဲ့အိပ်ယာပေါ်ကို ဆေးထုတ်တစ်ထုတ် ပစ်တင်လိုက်တယ်။ အစောက GuHai စက်ဘီးနဲ့ ပြန်ထွက်သွားတာဟာ သူ့အတွက် ဆေးသွားဝယ်တာဆိုတာ အခုမှ BaiLuoYin သဘောပေါကတော့တယ်။
( ငါ ကျောင်းဆေးပေးခန်းကနေ ဆေးတွေ ရလာပြီးသား။ မင်းက ဘာကိစ္စ ထပ်ဝယ်လာစရာလိုလဲ?)
( ဆေးပေးခန်းကဆေးတွေက အခြားသူတွေ ဝယ်ပေးတဲ့ဟာလေ။ ဒါက ငါဝယ်လာတဲ့ဆေး။ တူမလား?)
ပြောရင်းတန်းလန်းနဲ့၊ BaiLuoYinကျောင်းလွယ်အိတ်ထဲက ဆေးထုတ်ကို ယူပြီး အမှိုက်ပုံးထဲ ပစ်ထည့်ပစ်လိုက်တာမှ ပတ်တီးလိပ်တောင် မကျန်စေရဘူး။ အကုန် အကုန်ပါပဲ။

End of Chapter 59

Are you addicted?Book-1 (Myanmar Translation )Where stories live. Discover now