Chapter 115- မနေ့ညက မေးခွန်း

2.3K 159 5
                                    

Chapter 115- မနေ့ညက မေးခွန်း

ခန္ဓာကိုယ်ထဲ အနွေးဓာတ်အချို့ ဝင်ရောက်လာတဲ့အထိ၊ နောက်ပြီး ပျံ့လွင့်နေတဲ့ သူ့စိတ်တို့ ပြန်ဝင်လာတဲ့အထိ ဝရံတာမှာ BaiLuoYin မတ်တပ်ရပ်နေခဲ့တယ်။

နောက်ဆုံးတော့ လေးလံနေတဲ့ သူခြေထောက်တွေကို သယ်မကာ ဧည့်ခန်းထဲကို သူပြန်ဝင်သွားချိန်၊ GuHaiခင်မျာမှာတော့ ကြမ်းပြင်ပေါ် အိပ်မောကျလို့ ကောင်းနေဆဲ။

GuHai ဘယ်အချိန်ကအိပ်ပျော်သွားသလဲဆိုတာ ဘယ်သူမှ သိနိုင်မယ်မထင်ပါ။ သူ အိပ်နေတဲ့အချိန်မှာတောင် ပတ်ဝန်းကျင်အပေါ်မှာ သတိရှိတတ်ပါတယ်။{ အထူးသဖြင့် တစ်ယောက်သောသူနဲ့ ပတ်သတ်တဲ့အရာတွေ အပေါ်မှာပေါ့။} သို့ပေမယ့် ဟောဒီ သားရဲကြီးဟာ ဒီနေ့ညတော့ အသိပျောက်တဲ့အထိ သောက်ခဲ့တာ။ ဘယ်လောက်တောင် သောက်ခဲ့သလဲဆို... BaiLuoYinရဲ့ ဖုန်းသံ အဆက်မပြတ်မြည်နေတာတောင် သူ့ခင်မျာ ကျောက်တုံးတစ်တုံးလို တုတ်တုတ်မှမလှုပ်ရှာ။

အေးချမ်းခြင်းတို့ ခညောင်းနေတဲ့ GuHaiရဲ့ မျက်နှာလေးကို မြင်တော့ BaiLuoYinရဲ့ခေလြှမ်းတို့ တုံ့ဆိုင်းသွားတယ်။ ထွက်သက်ဝင်သက်ကြောင့် နိမ့်ချည်မြင်ချည်ဖြစ်နေတဲ့ GuHaiရဲ့ ရင်အုံ၊ အနည်းငယ် ဟယောင်းယောင်းဖြစ်နေတဲ့ GuHaiရဲ့ နှုတ်ခမ်းအစုံတို့ကို BaiLuoYin စေ့စေ့စပ်စပ် ကြည့်နေမိတယ်။ BaiLuoYin ကြည့်နေရင်း ကြည့်နေရင်းနဲ့ သူ့အတွေးရထားတို့ ဘီးချော်ကာ GuHaiကို အိပ်ခန်းထဲခေါ်သွားဖို့ စိတ်ကူးဝင်လာတယ်။ အဆုံးသတ်မှာတော့ သူဟာ သူ့အတွေးနဲ့သူ နစ်မြောသွားခဲ့ပါပြီ။

အခုလို လိမ်မာတဲ့သွင်ပြင်ပေါ်နေတဲ့ GuHaiဟာ အလွန့်အလွန်ကို တွေ့ရမြင်ရ ခဲပါတယ်။ ရိုးရိုးသားသား ပြောရရင်တော့ GuHaiနဲ့ BaiLuoYinရဲ့ ဒီနေ့ည အဖြစ်ဟာ နှစ်ခြိုက်စွာ အိပ်မောကျနေတဲ့ ကျားသစ်နက်တစ်ကောင်ကို ခလုတ်တိုက်မိတဲ့ အဖြစ်မျိုးလို့ပဲ သရုပ်ဖော်ရလိမ့်မယ်။ ရှပ်အင်္ကျ ီပါးပါးလေးနဲ့ ဘောင်းဘီရှည်ဝတ်ထားတဲ့ GuHaiဟာ ကြမ်းခင်းပေါ်က ကော်ဇောပေါ်မှာ ခေလြက်ကားယာနဲ့ စိတ်လက်အေးချမ်းစွာ အိပ်နေတာ။ သူ့ပုံစံကြည့်တော့သာ သက်တောင့်သက်သာဖြစ်ပုံပေါ်ပေမယ့်၊ ကြွက်သားတွေ ထွက်နေတဲ့ ခေတြံလက်တံတွေဟာ အချိန်မရွေး လှုပ်ရှားသက်ဝင်လာတော့မယ့် အတိုင်းပဲ။

Are you addicted?Book-1 (Myanmar Translation )Where stories live. Discover now