Chapter 127- မျှော်လင့်ချက်များ ပျက်သုန်းခြင်း

1.6K 154 8
                                    

Chapter 127- မျှော်လင့်ချက်များ ပျက်သုန်းခြင်း

နှစ်သစ်ကူးလရဲ့ ၂ရက်ကနေ ၅ရက်အတွင်း JiangYuanတစ်ယောက် အမျိုးတွေ မိတ်ဆွေတွေအိမ်ကို လည်ပတ်နေရင်း မအားမလပ်ဖြစ်နေတဲ့အတွက် BaiLuoYin နိုင်ငံခြား သွားမယ့်ကိစ္စကို ယာယီအားဖြင့် သူမ ခေါင်းထဲမထည့်အားပါ။ ၆ရက်မြောက်နေ့မှာတော့ သူမ စိတ်လက်ပေါ့ပါးသွားပြီ ဖြစ်တဲ့အတွက် အေးအေးလူလူနဲ့ လမ်းမှာခြေဆန့်ကြည့်တယ်။ မမျှော်လင့်ဘဲ နိုင်ငံခြားက ပြန်ရောက်ခါစ သူမရဲ့ ကျောင်းနေဖက်သူငယ်ချင်းနဲ့ လမ်းမှာ ဝင်တိုးနေတယ်။ စကားလေး နည်းနည်းပြောကာ ရှိသေးတယ်၊ သူငယ်ချင်းနှစ်ယောက် စကားစကို မဖြတ်နိုင်ဘဲ သူမရဲ့သူငယ်ချင်းက ဇွတ်အတင်းဖိတ်လို့ နှစ်ယောက်သား ညစာအတူတူစားဖို့အထိ ဖြစ်လာတယ်။

သူငယ်ချင်းဟောင်း ဖြစ်သူက နိုင်ငံခြားမှာ ဘဝက ဘယ်လိုသာယာကြောင်းပြောတာကို JinagYuan နားထောင်ပြီး သူမ စိတ်ဆုံးဖြတ်လိုက်တာက သူမရဲ့သားကို နိုင်ငံခြား မဖြစ်မနေပို့ရမယ်ဆိုတာပဲ။ BaiLuoYin ဟိုမှာ အထိုင်ကျသွားမှ သူမ အသက်ကြီးတဲ့အခါ နိုင်ငံခြားမှာ သားနဲ့လိုက်နေမယ်ပေါ့။

JiangYuanတစ်ယောက်ကတော့ သူမရဲ့အိမ်မက်လေးကို လှလှပပလေး ဆေးရောင်စုံခြယ်လျက် စိတ်ကူးတွေ ယဉ်လို့သာနေတယ်။ BaiLuoYinကို နိုုင်ငံခြားပို့ဖို့ဆိုတာ အကောင်အထည်ဖော်ဖို့ ခက်ခဲလှတဲဲ့ ကိစ္စလို့ သူမ အရင်ကမတွေးဆမိခဲ့ပါ။ သူမ စိတ်ဆုံးဖြတ်ပြီးပြီဆိုရင် မဖြစ်နိုင်တဲ့အရာဆိုတာ မရှိဘူးလို့ သူမ ယုံကြည်နေပါတယ်။ ဥပမာ ဆိုကြပါစို့... သူမ BaiHanQi ရဲ့ ပြတ်စဲပြီးတဲ့နောက် ဩဇာရှင် သူဌေးတစ်ယောက်နဲ့ လက်ထပ်မယ့် ကိစ္စမှာ အားလုံးက သူမကို စိတ်မနှံ့ဘူး၊ အရူးထတယ်၊ ဆန္ဒရှိတာတွေ လျှောက်ပြောနေတာလို့ ပြောခဲ့ကြတယ်။ ဒါပေမယ့် အဆုံးမှာတော့ သူမ လက်တွေ့လုပ်ပြခဲ့ပြီလေ။

အမျိုးသမီးဆိုတာ လာခြင်းကောင်းတဲ့လူတွေပါ။ ဒုက္ခဆင်းရဲကို ခါးစည်းခံသင့်တဲ့ ဇာတာရှင်တွေ မဟုတ်ကြပါဘူး။ ကံဆိုးပြီး ဒုက္ခကို ကြိတ်မှိတ် သီးခံနေကြရှာတဲ့ မိန်းမတွေကတော့ မိမိဘဝတက်လမ်းကို မရှာတတ်တဲ့ လူတွေပဲ။

Are you addicted?Book-1 (Myanmar Translation )Where stories live. Discover now