ဘောကွင်းစီးနေတဲ့မကို သဲရေလည်ဆွဲခေါ်သွားမိသည်။

"အာ သဲဘာလုပ်တာလဲ ကျမယ်"

မကအလန့်တကြားနဲ့ဆိုလာသည်။

"မကျပါဘူးမကလဲ သဲရှိတာပဲမကြောက်နဲ့"

ရေလည်ရောက်တော့ မကိုဘောကွင်းနဲ့အတူလွတ်လိုက်ပြီး ရေနဲ့လှမ်းလိုက်သည်။

"သဲကအဲ့လိုနော်"

နန်းကလဲအားကျမခံ ဘောကွင်းစီးနေရာက သဲကိုရေနဲ့လှမ်းလိုက်သည်။ထိုစဉ် ဟန်ချက်ပျက်ပြီး ရေထဲထိုးကျသွားသည်။

"မ"

သဲအလန့်တကြားနဲ့ ရေထဲကျသွားတဲ့မကို ပြေးဆယ်လိုက်သည်။

"မ...မ...ဘာဖြစ်သွားသေးလဲ"

မတစ်ယောက်ရေတွေမွှန်းလို့နေရှာသည်။

"ရတယ်...ဘာမှမဖြစ်ဘူး"

ရေကအရမ်းမနက်လို့သာတော်သေးသည်။

"သဲလေး"

မ သူ့ရင်ခွင်ထဲကရုန်းထွက်ပြီး သဲကိုရေနဲ့လှမ်းပက်လာသည်။

"ဟာ...မ"

နှစ်ယောက်သားရေနဲ့အပြန်အလှန်ပက်ကစားကြပြီးတော့ မရဲ့ကိုယ်လေးကိုဖက်ကာရေထဲကိုလှဲချလိုက်သည်။

ရေအောက်မှာမရဲ့နှုတ်ခမ်းလေးကို အကြင်နာအနမ်းးလေးပေးတော့ မကသဲကိုထုရိုက်ပြီး ရေပေါ်ပြန်တက်ဖို့ကြိုးစားနေသည်။မကိုအလွတ်မပေးပဲ အကြာကြီးနမ်းနေမိသည်။

"ဟေး...သဲဆုရတီရေအောက်မှာဘာလုပ်တာလဲ"

"သိနေတယ်နော် အဟမ်း"

သူငယ်ချင်းတွေစကြတော့မှ ရေပေါ်ပြန်တက်လာဖြစ်သည်။မကတော့သဲသူငယ်ချင်းတွေစတာကိုရှက်လို့ထင်သည် မျက်နှာကြီးတွေနီရဲကာ သဲကိုထုရိုက်လို့နေသည်။သဲ မရဲ့လက်လေးကိုဖမ်းဆွဲထားလိုက်ပြီး ရင်ခွင်ထဲသွင်းကာဖက်ထားလိုက်သည်။

သဲအစုတ်ပလုတ် ညစ်ပတ်အိုးလေးကတော့ လူကိုရေထဲအတင်းနှစ်ပြီးနမ်းသွားတယ်။

"ဗိုက်ဆာလာပြီဟာ တစ်ခုခုသွားစားရအောင်"

"အေးဟ ရေဆော့လိုက်လို့ထင်တယ် ငါတို့လဲဗိုက်ဆာလာပြီ"

အချစ်ဖြင့်တည်သောကမ္ဘာငယ်လေး  အချစ်ဖြင့်တည်သောကမ္ဘာငယ်လေးWhere stories live. Discover now