ရေဘဝဲသူရဲကောင်းကြီး၏ ကျေးဇူးတင်လွှာ

35K 2.6K 356
                                    

ဒါဒါလေးတို့ရေ.......

အခုဆို ငမုန့်ကြော်လေးတို့ ဇာတ်လမ်းလေးတစ်ခန်းရပ်သွားခဲ့ပြီ.....

ပထမဆုံးအနေနဲ့ ဒီ novel လေးကို Tran ဖို့ ပြောတဲ့ ညီမလေးကို ကျေးဇူးတင်စရာပြောချင်ပါတယ်။ဒီညီမလေးကြောင့် ရေဘဝဲတို့တွေ ငမုန့်ကြော်လေးတို့ကို သိခဲ့ရ၊ ချစ်ခဲ့ရတယ်.....

ဒီNovelလေးက ရေဘဝဲရဲ့ ပထမဆုံး Complete ဖြစ်သွားတဲ့ Novel လေးပါ......

အမှတ်တရတွေအများကြီးပဲ.....

စာလုံးပေါင်းသတ်ပုံလေးတွေ အမှားထောက်ပြပေးသူတွေ....အားပေးစကားပြောပေးကြတဲ့သူတွေ.....
Vote ပေးကြ၊ မန့်တွေရေးပေးကြတဲ့သူတွေ....အားလုံး အားလုံးကို တကယ်လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်။

မန့်တွေဗုံးကြဲသလို ရေးတတ်တဲ့ ဒါဒါလေးတွေကိုလဲ ရေဘဝဲမှတ်ထားပါတယ်။ အကုန်လုံးကိုလဲ ချစ်ပါတယ်။ကျေးဇူးလဲတင်ပါတယ်။အခုချိန်အထိ ရေဘဝဲနဲ့အတူ ကြာဖြူပန်းလေးတွေကို ဝုန်းပြီး သားတော်မောင် ငမုန့်ကြော်နဲ့ သမက်တော် လော်ရှို့တို့ ကျွေးတဲ့ ခွေးစာတွေကို အတူတူ စားပေးကြတဲ့ တစ်ဉီးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။

Novel အကြောင်းလေး လေနည်းနည်းပေါမယ်နော်....မုန့်ရန်က လော်ရှို့ကို အတိတ်ဘဝကအကြောင်းလုံးဝပေးမသိခဲ့ပါဘူး။မုန့်ရန်က လော်ရှို့နာကျင်ခံစားရမှာ မကြည့်ရက်သလို၊ လော်ရှို့ကလဲ အိမ်မက်ထဲကတဆင့်သိနေရင်တောင် သူသိကြောင်း မုန့်ရန်ကိုဘယ်တော့မှ ပြောမှာမဟုတ်ပါဘူး။ ဒါဟာ သူတို့ နှစ်ယောက်ကြားက လှပတဲ့ ချစ်ခြင်းမေတ္တာတစ်ခုလို့ပဲ မှတ်ယူချင်ပါတယ်။

လက်ရှိမှာ ရေဘဝဲဘယ်လိုခံစားနေရလဲဆိုတော့ တကယ်ကို ငိုချင်နေတယ်.....

System mood ဝင်နေတယ်ပဲပြောရမလား...

နောင်ကမ္ဘာတွေကို ဇာတ်လိုက်ကလိုက်လာမယ်ဆိုတာ သိပေမယ့် Arc တစ်ခုပြီးခါနီးတိုင်း

"နောက်ဘဝတွေရော ခင်ဗျား ကျွန်တော့်ကိုလာရှာမှာလား??"

"ဘယ်ဘဝရောက်ရောက် ကိုယ်မင်းကို လာရှာမယ်"

You've reached the end of published parts.

⏰ Last updated: Nov 02, 2021 ⏰

Add this story to your Library to get notified about new parts!

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now