Chapter (1)

48.5K 4.8K 481
                                    

မုန့်ရန် သူ့ရဲ့ဉီးခေါင်းဆီက နာကျင်ကိုက်ခဲမှုကိုခံစားနေရတဲ့ အပြင် လေတွေ မိုးတွေ တိုက်ခတ်နေတာကိုပါခံစားနေရတယ်......

"မိုးရွာနေတာလား?"

မုန့်ရန် အံ့အားသင့်နေခဲ့တယ်.....

//ဘယ်လိုလုပ်မိုးမိနေတာလဲ?ဂူထဲမှာရှိနေရမှာမဟုတ်ဘူးလား?//

အသက်ပြင်းပြင်းရှုလိုက်ပြီးနောက် သူ ဂူထဲမှာရောချောက်ကမ်းပါးအောက်မှာရှိတဲ့ နက်ရှိုင်းတဲ့ နေရာမှာ​ရောမဟုတ်တာကို
မုန့်ရန် သိလိုက်ရတယ်......

"ဟေးးး မင်းအဆင်ပြေရဲ့လား?"

"ကြည့်လိုက်ဉီး၊ သူသတိလစ်နေတာမလား?"

"ဒီလူဘာလို့ လမ်းလယ်ခေါင်မှာလာအိပ်နေတာလဲ"

"အရက်တွေမူးအောင်သောက်ထားလို့နေမှာပေါ့"

"ဒါအရမ်းအန္တရာယ်များတယ်.....ကိုယ့်အသက်ကို ကိုယ်နှမြောရကောင်းမှန်းမသိဘူးလား?"

သူ့ရဲ့ဘေးနားပတ်လည်ကစကားသံတွေကို မုန့်ရန် နားထောင်လိုက်ပြီး မျက်လုံးတွေကိုဖြေးညှင်းစွာဖွင့်လိုက်တယ်။သူ့ရဲ့အမြင်အာရုံတွေမှုန်ဝါးဝါးဖြစ်နေပေမယ့် သူ့ဘေးနားက လူအုပ်ကြီးကိုတော့မြင်နိုင်ပါသေးတယ်။သူ မျက်မမြင်ဖြစ်ခဲ့တာနှစ်တွေအတော်ကြာနေပြီလေ......

//အခုဘာလို့ မြင်နေရတာလဲ?ငါအိမ်မက် မက်နေတာများလား?မြန်မြန်နိုးထလိုက်ပါတော့//

ဒီလိုတွေးလိုက်မိပြီးနောက်မှာ မုန့်ရန် မေ့မြောသွားပါတော့တယ်။

မုန့်ရန် သတိရလာပြီးနောက်တစ်နေ့မှာ သူ့ကို ဆေးရုံကနေ အိမ်ကို ပြန်ခေါ်သွားကျတယ်.....

သူ ကုတင်ပေါ်မှာမှီနေပြီး သူ့မှတ်ဉာဏ်တွေထဲမှာရင်းနှီးနေတဲ့ ဒီအခန်းကို ထပ်ခါထပ်ခါ ပြန်ကြည့်နေခဲ့တယ်......

ပြတင်းပေါက်အပြင်က နေရောင်ခြည်ကိုလဲ သေချာကြည့်နေခဲ့မိတယ်.....

သူနှစ်ပေါင်းများစွာ မျက်မမြင်တစ်ယောက်အဖြစ်နဲ့နေထိုင်ခဲ့ရတယ်.....

အခုလို မြင်နိုင်စွမ်းတွေက ဘယ်လောက်တောင်လှပလဲဆိုတာ အခုမှပဲသတိပြုမိတော့တယ်......

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now