လင်စုန့်ထိုင် က သူ့ရဲ့တပည့်တစ်သိုက်ကိုခေါ်ဆောင်ပြီး ရနံ့ကုထုံးဌာနခွဲကိုသွားရောက်ခဲ့တယ်။ဒီလို သွားရောက်ရခြင်းက သင်ယူလေ့လာရေးအတွက်သာမက၊ recommend အပေးခံထားရတဲ့ကျောင်းသားတွေအတွက်ပါရည်ရွယ်ထားခဲ့ခြင်းဖြစ်တယ်။ဒီနေ့မှာ ပြုလုပ်မယ့် အကြိုစာမေးပွဲကိုသာ ဝင်ဖြေခွင့်ရခဲ့မယ်ဆိုရင် ဒါက ဆရာတစ်ယောက်ဖြစ်လာနိုင်မယ့် အခွင့်ကောင်းပဲလေ....
"ဒီကရှုခင်းတွေအရမ်းလှတာပဲနော်"
မုန့်ရန်က ဝူဖန်ကို လှမ်းပြောလိုက်တယ်။
ဒီဌာနက မုန့်ရန်တို့ ကျောင်းထက်တောင် ပိုမိုကျယ်ဝန်းနေပါသေးတယ်။ဒီနေရာမှာ ရေပေါ်အဆောက်အဉီးတွေတောင်ရှိနေသေးတယ်။ဒါက အင်အားပြည့်အောင် အနားယူလို့ကောင်းတဲ့ လှပတဲ့နေရာတစ်ခုဖြစ်တယ်။
"ရှုခင်းကတော့ ကောင်းတယ်၊မကောင်းတာက ဒီဌာနကလူတွေ"
ဆရာနဲ့တခြားကျောင်းသားတွေရှိနေတဲ့အတွက် ဝူဖန် အသံခပ်တိုးတိုးနဲ့ပြောနေရတယ်။
" အမြဲတမ်းအဖွဲ့ဝင်ဆိုတာ အသာထားဉီး ၊သာမာန်အဖွဲ့ဝင်တွေကတောင် နှာခေါင်းကိုမိုးပေါ်မြှောက်ပြီး သူတို့ကိုယ်သူတို့အတော်ဆုံး၊အတတ်ဆုံးလို့ထင်နေတာလေ၊မုန်းစရာကောင်းချက်ပဲ"
မုန့်ရန်တစ်ယောက် လင်စုန့်ထိုင် ရဲ့တပည့်ဖြစ်မလာခင်ကတည်းက လင်စုန့်ထိုင် နဲ့အတူ ဝူဖန် ဒီနေရာကို ခဏ၊ခဏရောက်ခဲ့ဖူးတယ်။အရင်ခေါက်တွေတုန်းကတည်းက ထွက်ခဲ့ရသမျှဒေါသတွေကို အခုမှ ရင်ဖွင့်နေရတာလေ.....
"ကျွန်တော်ကြားဖူးတာတော့ ဒီဌာနမှာ Member ဝင်ဖြစ်ဖို့အတွက် အနိမ့်ဆုံးသတ်မှတ်ချက်တွေကတောင် အတော်မြင့်မားတယ်ဆိုပဲ...ပြီးတော့ ဒီဌာနရဲ့ စာမေးပွဲတွေကလဲအရမ်းစည်းကမ်းတင်းကြပ်တယ်ဆို၊ ပြီးတော့ ဆရာငါးယောက်က ထောက်ခံပေးမှ Member ဖြစ်မှာဆို...ဟုတ်လား??"
မုန့်ရန်က ဝူဖန်ကိုမေးလိုက်တယ်။
"ဒါကတော့အမှန်ပဲကွ၊ငါ့စီနီယာတွေအများကြီး
စာမေးပွဲအောင်သွားကြပြီ။ငါက စာမေးပွဲတစ်ခုပဲအောင်သေးတာကွ။စာမေးပွဲတွေအောင်နေသ၍ ဆရာငါးယောက်ရဲ့ထောက်ခံချက်ရဖို့ဆိုတာ မခက်ပါဘူးကွာ။ဒါ့ကြောင့် စာမေးပွဲလာဖြေတဲ့သူတွေက Masterတန်း တက်နေတဲ့သူတွေများနေတာကွ"
YOU ARE READING
သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်
AdventureTitle....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ့ အာသာပါ) မူရင်းက 86 ပိုင်းပါ Extra က 2ပိုင်းပါ complete ဖြစ်ပြီးသားပါရှင့် Readerလေးတစ်ယောက် Recommend ပေးလို့ Tran ကြည့်တာပါ ဖတ်ရှုဝေဖန်ပ...