ရေကူးပြိုင်ပွဲမှာ လော်ရှို့က ဘရက်ဒလီကို အနိုင်ရခဲ့တဲ့အတွက် မုန့်ရန်က သူပထမရတာထက်တောင်ပိုပျော်နေသေးတယ်။သူတို့ကိုလူတွေအများကြီး ဝိုင်းကြည့်နေတာကိုတောင်မမှုဘဲ မုန့်ရန် လော်ရှို့ရဲ့မျက်နှာကို အကြိမ်တော်တော်များများနမ်းလိုက်တယ်။
ဘေးကနေကြည့်နေကြတဲ့သူတွေကတော့ ဆွေးနွေးပွဲစနေပြီ။
"Mr.လော် က ရေကန်တစ်ဝက်စာလောက်အကွာအဝေးနဲ့ ဘက်ရက်ဒလီ ကိုနိင်ခဲ့တာဆိုတော့ ကြုံခိုင်မှုအရမ်းကောင်းလွန်းမနေဘူးလား?"
"Mr.လော်က ဘရက်ဒလီထက် ဆယ်နှစ်လောက်အသက်ပိုကြီးတာတောင် ဘရက်ဒလီ နဲ့ Body ချင်းယှဉ်နိုင်ရုံမကဘူး၊သက်လုံကောင်းတာပါယှဉ်နိူင်တာနော်။ဒါပေမယ့် Mr.လော်က ပိုပြီး သက်လုံကောင်းတယ်။အရမ်းသန်မာလွန်းတယ်ကွာ.
"မင်းအသက်ကအခုဘယ်လောက်ရှိနေပြီလဲ? ငါကတော့အသက်အရွယ်ပဲရောက်ရောက် ခန္ဓာကိုယ်ကိုထိန်းထားနိုင်ဖို့က အရေးကြီးဆုံပဲလို့ ယူဆခးထားတယ်"
"တစ်ချို့တွေပြောကြတယ်။ရတာမလို၊လိုတာမရတဲ့ ဒါပေမယ့် မုန့်ရန်ကြတော့ အရာရာကို အကောင်းဆုံးတွေကြီးပဲရနေတာပဲနော်"
"ရေသွားကူးမလား?"
လော့်ရှို့က မုန့်ရန်ကို ဖက်ထားရင်းနဲ့မေးလိုက်တယ်။
"ကူးမယ်!!ကူးမယ်!!"
မုန့်ရန် လော်ရှို့ကိုရေထဲဆွဲချလိုက်တယ်။
"ကျွန်တော်ရေမကူးတတ်သေးဘူး။အန်ကယ်လော်သင်ပေးရင် ကျွန်တော်လဲ အန်ကယ်လော်လိုကူးတတ်....ဝိုးး.ဝိုးးးး"
ရေထဲရောက်တာနဲ့ လော်ရှို့က မုန့်ရန်ကို ရေကူးတဲ့ကိုယ်နေဟန်ထားကိုသင်ပေးလိုက်တယ်။လှုပ်ရှားမှုအချို့ကို သင်ပေးပြီးတာနဲ့ လော်ရှို့က မုန့်ရန်ရဲ့ ဗိုက်အောက်ကနေ လက်နဲ့ထိန်းပေးထားပြီး မုန့်ရန်ကိုလေ့ကျင့်ခိုင်းတယ်။
မုန့်ရန်က လေ့ကျင့်လိုက် လော်ရှို့ကိုမှီပြီး အနားယူလိုက်နဲ့အလုပ်ရှုပ်နေတယ်။ဆရာ၊တပည့်နှစ်ယောက်လုံးရဲ့ ခန္ဓာကိုယ်နှစ်ခုစလုံးက ရေထဲမှာပူးကပ်နေတယ်။ဒီလိုအထိအတွေ့မျိုးက အရမ်းထူးခြားနေတယ်။တစ်ယောက်ဘေးမှာ တစ်ယောက်ရှိနေသ၍ ဘာကိုမှ ဂရုစိုက်နေစရာမလိုဘူးလေ။ဝိုင်းကြည့်နေတဲ့သူတွေမျက်စိကန်းသွားလောက်တဲ့အထိ ကြင်နာယုယစွာနဲ့အနမ်းတွေဖလှယ်ခဲ့ကြသေးတယ်။
YOU ARE READING
သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်
AdventureTitle....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ့ အာသာပါ) မူရင်းက 86 ပိုင်းပါ Extra က 2ပိုင်းပါ complete ဖြစ်ပြီးသားပါရှင့် Readerလေးတစ်ယောက် Recommend ပေးလို့ Tran ကြည့်တာပါ ဖတ်ရှုဝေဖန်ပ...