လော်ရှို့က သားဖြစ်သူကို မေးမြန်းလိုက်တယ်။

"ဒယ်ဒီ ပြောတာတွေကို သား နားလည်ပါတယ်"

"ဒါဆို ဆရာတွေကို တောင်းပန်လိုက်....ပြီးရင်လေ့ကျင့်ရေးမေးခွန်းတွေငါ့ကို ပြန်လာပြ..."

လော်ရှို့ရဲ့မျက်နှာထားက တည်တင်းနေတယ်။

"ဟုတ်ကဲ့.."

လော်ကျွင်းရယ်လို 7နှစ်သားလေးက အဖေဖြစ်သူဆီကနေ အခုလို သွန်သင်ဆုံးမခံလိုက်ရတဲ့အတွက် စိတ်ပျက်အားငယ်စွာနဲ့ ခေါင်းငိုက်စိုက်ချပြီး တံခါးဆီကို တရွေ့ရွေ့လျှောက်သွားနေတယ်။

"ခေါင်းငုံ့မထားနဲ့!!!!..."

လော်ရှို့ရဲ့လေသံက တင်းမာနေတယ်။

လော်ကျွင်းရယ်တစ်ကိုယ်လုံး တုန်တက်သွားပြီး ချက်ချင်းကျောမတ်ပြီး ခေါင်းမော့ထားလိုက်တယ်။

ကိုယ်ပိုင် စာကြည့်ခန်းကိုပြန်ရောက်တာနဲ့ လော်ကျွင်းရယ်က ဆရာနှစ်ယောက်ကို သေချာတောင်းပန်လိုက်ပြီး ပုစ္ဆာတွေ ထိုင်တွက်နေခဲ့တယ်။

Flower room ထဲမှာတော့....

နှစ်နှစ်အရွယ်ကလေးလေးတစ်ယောက်ကိုချီထားတဲ့ မုန့်ရန်က လေးနှစ်သားအရွယ်ကလေးလေးတစ်ယောက် Smart box တစ်ခုကို ဖြေရှင်းနေတာကိုထိုင်ကြည့်နေတယ်။

လော်ကျွင်းရယ်တစ်ယောက် ဆရာတွေကို မလှိမ့်တပတ်လုပ်မှုနဲ့ လော်ရှို့ဆီမှာ အဆူခံထားရတာကို မုန့်ရန်သိပေမယ့် ဘာတစ်ခွန်းမှ ဝင်မပြောခဲ့ဘူး။ကလေးတွေအမှားတစ်ခုခုလုပ်မိလို့ လော်ရှို့ဘက်က သေချာဆုံးမချိန်တိုင်းမှာ မုန့်ရန် တစ်ခွန်းမှ ဝင်မစွက်ဖက်ခဲ့သလို၊မျက်နှာလဲ သွားမပြခဲ့ဘူး။ဒါမှသာ ကလေးတွေ ကိုယ့်အမှားကိုယ်သိပြီး သေချာဆင်ခြင်သုံးသပ်တတ်အောင် သွန်သင်ပေးနိုင်မှာပါ....

လော်ကျွင်းဟန်က နောက်ဆုံး သင်္ကေတကို မှန်ကန်တဲ့နေရာမှာထည့်သွင်းလိုက်တဲ့အခါ
သစ်သားSmart box ထဲမှာရှိတဲ့ သော့လေးခုစလုံးပွင့်သွားခဲ့တယ်။လော်ကျွင်းဟန်က အားတက်သရော လှမ်းကြွားနေတယ်။

"ပါပါးတွေ့လိုက်လား...သားသားဖွင့်လို့ရသွားပြီ..."

"တော်လိုက်တာကွာ..ပါပါးရဲ့ ကျွင်းဟန်လေးက ပြီးခဲ့တဲ့တစ်ခေါက်တုန်းကထက်တောင် မြန်မြန်ဆန်ဆန်ဖွင့်လိုက်နိုင်ပြီပေါ့...အရမ်းတော်တယ်..."

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now