Selsey..."ဒါက ကလေးတွေနားထောင်လို့မရတဲ့ လူကြီးချင်း တိုးတိုးပြောရမယ့် ကိစ္စတွေကွ...."

ပင်ပန်းနွမ်းနယ်နေတဲ့ Seley ရဲ့ပုံစံကိုမြင်ကတည်းက Kaiတစ်ယောက် သဘောပေါက်သွားခဲ့ပြီ။ကုတင်ပေါ်ခုန်တက်လိုက်ပြီး...

"ဘာလဲ ညက inspiration သွားရှာတယ်မလား?"

Seley ကမျက်လုံးမဖွင့်ဘဲ ခေါင်းညိတ်ပြလိုက်တယ်။

"မင်းကိုတော့ တကယ် လက်လန်တယ်...ပြောပါဉီး inspiration တွေဘယ်လောက်တောင်ရခဲ့လဲ??"

"အရမ်းကောင်းတဲ့ inspiration တွေအများကြီးရခဲ့တယ်... အကုန်လုံးကို ကျေနပ်တယ်....စိတ်ကျေနပ်လွန်းလို့ ရသလောက်အကုန်ယူခဲ့တယ်..."

Selsey အိပ်ချင်နေကို မြင်တဲ့အခါ မုန့်ရန်က...

"ဒီအတိုင်းကြီးအိပ်တော့မလို့လား??နံနက်စာစားပြီးမှ တစ်ခါတည်းအိပ်လိုက်တာပိုကောင်းမယ်နော်..."

"ပင်ပန်းလွန်းလို့ အရမ်းအိပ်ချင်နေပြီ...မင်းတို့စကားပြောလေ...ပြောရင်းပြောရင်းနဲ့ ငါ အိပ်ပျော်သွားလိမ့်မယ်..."

"နံနက်စာအရင်ထစားလိုက်ပါဉီးကွာ....ပြီးတော့မှဆက်အိပ်...."

"အိပ်ရာထဲကနေ မထချင်ဘူး....ဒီအတိုင်းလှဲနေချင်တာ..."

"ဒါဆို နံနက်စာကို ဒီကိုလာပို့ခိုင်းလိုက်မယ်...ဒီမှာပဲစားလိုက်တော့...."

"Ok"

လက်ထောက်တွေ သယ်လာပေးတဲ့ နံနက်စာကို Selsey ရဲ့ကုတင်ဘေးမှာ ခုံနှစ်ခုံချပြီး သုံးယောက်အတူတူစားလိုက်ကြတယ်။

" ကိုယ်သဘောကျတဲ့သူကို အောင်မြင်စွာဆွဲဆောင်ခြင်းနည်းလမ်းများဆိုပြီး စာအုပ်ထုတ်ရောင်းပါလား...သေချာတယ် လက်မလည်အောင်ရောင်းကောင်းမှာကွ..."

ဟုတ်တယ်....Selsey ရဲ့ နည်းလမ်းတွေကို စာအုပ်ထုတ်မရောင်းနိူင်တဲ့အတွက် မုန့်ရန်တော်တော် နှမြောနေမိတယ်။

"ဖူးးးးးးး"

Selsey ပါးစပ်ထဲကက စားစရာတွေ ဖူးကနဲ ​ပန်းထွက်လာတော့မတတ်ပဲ...ပါးစပ်ကို တစ်ရှူးနဲ့သုတ်လိုက်ပြီး....

"အေး လုပ်နေလိုက်...စာအုပ်သာထုတ်ရောင်းလိုက်ရင် ငါ့သိက္ခာတွေမြောင်းထဲရောက်ကုန်မှာပေါ့...ပြီးတော့ ငါ့သူဌေးက ငါ့ကိုလာသတ်လိမ့်မယ်...ဒါမျိုးဆိုတာ စာအုပ်ထုတ်မရောင်းလဲ သင်လို့ရပါတယ်ကွာ...."

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now